မင်းပြောနိုင်တယ်

1.2K 74 0
                                    

အခန်း(၅၉)

" ဟဲ့... နင့်ဖုန်းကဘယ်လိုလုပ် Dark ဆီရောက်နေတာလဲ...ငါလည်းကြံရာမရတဲ့အဆုံး နင့်နံပါတ်ကိုပဲခေါ် လိုက်ရတာ "

ယွန်း မေးတာလည်းမမှားပါ။Black ကိုယ်တိုင်လည်းသိချင်နေတာဖြစ်သည်။
ဒီမနက်ရေချိုးပြီးသွားမှ ကိုယ့်ဖုန်းကိစ္စကို ပြန်သတိရလိုက်သည်။
ခန့် အိမ်မှာဖုန်းကျန်နေခဲ့တာပဲ။သွားယူဖို့ကလည်း ခန့် နှင့်မျက်နှာချင်းမဆိုင်ချင်သေးသောကြောင့် နောက်မှသာယူတော့မည်ဟုဆုံးဖြတ်လိုက်သည်။

သို့သော် ယွန်း ဆီကဖုန်းဝင်လာသောကြောင့် ဖုန်း ရင်းတုန်းသံကို ကြားလိုက်ရသည်။
ဘယ်ကဖုန်းလဲ...
Dark ၏ဖုန်းသံလည်းမဟုတ်။
ကြားနေရသည့်အသံက ကိုယ့်ဖုန်း၏ရင်းတုန်းသံဖြစ်နေခဲ့သည်။

သေချာရှာလိုက်မှ ဆက်တီပေါ် တင်ထားသည့် Dark ၏ကုတ်အင်္ကျီအိပ်ကပ်ထဲကနေ မြည်နေသည့် ကိုယ့်ဖုန်းကိုတွေ့ခဲ့ရခြင်းဖြစ်သည်။

" Black ငါပြောတာကြားရဲ့လား... ငြိမ်နေတာပဲ "

" အင်းကြားတယ် "

" ဘာလဲအခုထိအမူးမပြေသေးဘူးလား "

" မမူးပါဘူး ဘယ်နေရာကမူးနေတာလဲ "

Black ကလှစ်ခနဲနေအောင်ပြုံးလိုက်ရင်း မွေ့ယာပေါ် သို့ဝမ်းလျားမှောက်လှဲချသည်။
ယွန်း တို့ဘက်ကသိချင်တာတွေအရမ်းများနေမှာကိုသိသည်။
မနေ့ကသူတို့အိမ်မှာသွားမူးပြီး ပြန်လာတာဘာကိစ္စကိုမှမပြောပြဖြစ်ခဲ့။

ခန့် ကိစ္စကိုပြောပြဖို့ကလည်း မဖြစ်နိုင်။
ယခုအချိန်မှာစိတ်တွေအရမ်းရှုပ်နေသဖြင့် ဘယ်သူ့ဆီကမှဝေဖန်အကြံပြုချက်တွေကို နားမထောင်နိုင်သေး။

" သြော်...ဖြစ်မှဖြစ်ရလေ ငါကပဲမူးနေပြီးစကားတွေပလောင်းပလဲပြောနေသလို...မနေ့ကတော့ဒီလေသံမျိုးမဟုတ်ပါဘူးနော်...လူဆိုတာလည်းမတ်တပ်ရပ်နိုင်ဖို့နေနေသာသာ ခွေခေါက်ပြိုလဲလို့...သူ့ယောကျာ်းခေါ် ရာနောက်ကိုအခွေလိုက်လေးပါသွားရှာလို့ "

" ယွန်း...နင်ဘာပြောတာလဲ "

" ငါပြောတာမှားနေလို့လား...နင့်ကိုဟိုကထွေးပွေ့သွားတာများ ကလေး လေးကိုချီသွားသလိုမျိုး ...ဟဲ့ နင်တော်တော်ကံကောင်းတာပဲ "

Dark's Black _ Season(1) [Completed]Where stories live. Discover now