ခံစားချက်တွေနဲ့ဆိုင်တယ်လေ

1.1K 69 0
                                    

အခန်း(၅၆)

" ကျွီ... ! "

အရှိန်တင်ပြီး စိတ်လွတ်ကိုယ်လွတ်မောင်းလာမိသည့်ကားကို လမ်းဘေး၏နေရာအလွတ်တွင်
ထိုးရပ်လိုက်သည်။
မရပ်လို့မရ...
နှလုံးခုန်သံတွေကအရမ်းကိုမြန်နေသဖြင့် ဒီတိုင်းသာဆက်မောင်းနေရင် တစ်ခုမဟုတ်တစ်ခုကဖြစ်သွားနိုင်သည်။
ယခုလည်းကားရပ်ပြီးတာတောင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
ဆံပင်တွေထဲကို လက်ချောင်းတွေထိုးသွင်းကာဆွဲဖွမိသလို အကြောင်းမရှိဘဲလည်ပင်းသားတွေကိုဆွဲပွတ်လိုက်တာမျိုးလည်းရှိသည်။
ဒါနဲ့တင်မကျေနပ်နိုင်သေးဘဲ အပြန်အလှန်ယှက်သွယ်ထားသည့်လက်ချောင်းများကို ဆစ်ခနဲနေအောင်ဖိညှစ်ပြီး နှုတ်ခမ်း၏အပေါ် အနားသားကို သွားများနှင့်ဖိကြိတ်သည်။

" ငါ ဘာဖြစ်နေတာလဲ "

တစ်ကယ်လည်းမသိတာဖြစ်သည်။ဘာဖြစ်နေပါတယ်လို့အတိအကျပြောမရအောင် ကယောက်ကယက်ဖြစ်နေသည့် အတွေးတွေကြောင့် မျက်ဝန်းနှစ်ဖက်ကိုစုံမှိတ်ချလိုက်လျှင်...

" သွားပြီလား "

ဖျတ်ခနဲပွင့်ဟလာသည့် မျက်တောင်ထပ်ကြီးများကြောင့် စိမ်းဖန့်ဖန့်လေးဝင်းနေသော နားသယ်စပ်နားကို တဖြည်းဖြည်းချင်း ချဥ်းကပ်ဖို့ကြိုးစားနေသည့် ခန့် တစ်ယောက်မျက်နှာကိုမပျက်အောင်မနည်းထိန်းရင်း...

" အင်း...ဖယ်လိုက်ပြီ "

" တော်သေးတာပေါ့ "

" ဝူး..... !!! "

" ဟင်...တစ်ယောက်ယောက်လာသွားတာထင်တယ် "

အကောင်မရှိတော့ဘူးဆိုတာကိုသိလိုက်သည်နှင့် Black ကနှစ်ယောက်စလုံး၏ နေရာအထားကိုဝေးသွားအောင် မသိမသာရွှေ့လိုက်ရင်း...

" ခန့် ရောမသိလိုက်ဘူးလား "

ခန့် ကဘာမှမသိသလိုမျိုး ခြံထဲကိုမျက်လုံးဝေ့ကာကြည့်လိုက်ပြီးမှ...

" ဘယ်သူမှမရှိပါဘူး... Black နားကြားမှားတာထင်တယ် တစ်ဖက်ခြံကပဲနေမှာပါ "

" သေချာကြားလိုက်တာပါ "

ဖြူစွတ်သောလည်တိုင်လေးကို တစ်ပတ်လည်သည်အထိအောင် လှည့်ကြည့်နေသော Black ၏မျက်နှာလေးကို ခန့် ကအကြည့်ချင်းဆုံအောင်ပြန်လှည့်ယူသည်။
ပြီးမှ...

Dark's Black _ Season(1) [Completed]Where stories live. Discover now