ဖျားတော့မှာပဲ

1.2K 84 4
                                    

အခန်း(၅၃)

သူလည်းယောကျာ်း ငါလည်းယောကျာ်းပဲကိုဘာတွေအထူးအဆန်းလုပ်နေတာလဲ ...
နမ်းနေကြတာအကောင်းကြီးကို သူကဘာထဖြစ်တာလဲ...

မွေ့ယာပေါ် မှာတစ်ယောက်ထဲ အတွေးတွေနှင့်ကျန်ခဲ့ရင်း Black တစ်ယောက်ပွင့်ဟနေသော အခန်းတံခါးကိုနားမလည်နိုင်စွာကြည့်သည်။

စိတ်ဆိုးပြီးထွက်သွားတာလား...
စိတ်ဆိုးသွားရအောင် သူ့ကိုဘာမှလည်းမပြောမိပါဘူး။
အရင်ကဆို သူနမ်းလာတဲ့အခါတိုင်း ဒီထက်ဆိုးတဲ့အပြုအမူတွေနဲ့တောင် ဆက်ဆံခဲ့သေးတာ...

" ငါ့ကို စိတ်ကုန်သွားတာလား "

စိတ်ကုန်သွားလို့ ဆက်မနမ်းတော့ဘဲ အပြစ်မရှိအပြစ်ရှာပြီးထွက်သွားတာမဟုတ်လား...
အိုး...ယောကျာ်းတွေရဲ့အကျင့်က ဒီလိုပဲလား...
မရခင်ကတစ်မျိုး...ရပြီးတော့တစ်မျိုး...

" တောက်... ! "

တောက်...တစ်ချက်ကိုပြင်းထန်စွာခေါက်ပြီးသည်နှင့် ခြေထောက်တွေကအလိုလို အခန်းအပြင်ဘက်သို့လှမ်းထွက်ပြီးဖြစ်သည်။
အခန်းအပြင်ဘက်သို့ရောက်သည်နှင့် ဘယ်နေရာကအရင်စရှာရင်ကောင်းမလဲဆိုပြီးတွေးနေတုန်း...

" ရေသံလား..."

အသံက ဒီအိမ်ကိုစရောက်ရောက်ချင်း ကိုယ်တစ်ယောက်ထဲနေခဲ့သော အခန်း၏ဘေးကပ်ရပ်အခန်းမှထွက်လာသောအသံဖြစ်သည်။
ရေဖွင့်ချထားသံကို ရှင်းလင်းစွာကြားနေရသည့်အတွက် Black က ခြေလှမ်းကိုထိုအခန်းဘက်သို့သာစတင်ဦးတည်လိုက်သည်။
အခန်းရှေ့ရောက်လျှင် ထိုအခန်းတံခါးက ပွင့်လျက်သားဖြစ်နေသည့်အတွက် Dark ရှိနေမယ်ဆိုတာကိုအတပ်သိလိုက်ပြီး...

" တွေ့ကြသေးတာပေါ့...စကားကိုဒီလိုဖြတ်ပြီးထွက်သွားလို့ရရိုးလား "

အခုမှသတိတရနှင့် ခြေထောက်ကိုငုံ့ကြည့်လိုက်မိသည်။
လောလောနှင့်ကုတင်ပေါ် ကနေဆင်းလာခဲ့မိတာ
ခြေထောက်မှာဖိနပ်ကပါမလာခဲ့...

" ကျစ်... ! "

ဖိနပ်ပြန်သွားစီးလိုက်ရင်ကောင်းမလားလို့ စဉ်းစားလိုက်သေးပေမယ့်...

Dark's Black _ Season(1) [Completed]Where stories live. Discover now