မင်းကသိပ်ချစ်ဖို့ကောင်းနေတော့

1.4K 96 2
                                    

အခန်း (၂၁)

" ဒါနဲ့နင်တို့တွေဟန်းနီမွန်း ဘာဖြစ်လို့မထွက်တာလဲ "

" ငါနဲ့ယွန်းက မင်းတစ်ပတ်လောက်အဆက် အသွယ်မလုပ်လို့ခရီးထွက်နေပြီထင်တာ "

Black ကမျက်နှာကိုတစ်ချက်မဲ့သည်။ပျောက်နေတာက ခရီးထွက်နေလို့မဟုတ်။ဟန်းနီးမွန်း ဆိုတာချစ်ခင်ကြင်နာစ ဇနီးမောင်နှံစုံတွဲတွေအတွက်ဆိုရင်တော့ဟုတ်မှာပေါ့။
ဘယ်နေရာပဲသွားရ သွားရရင်ခုန်ကြည်နူးမှုတွေကအပြည့်ဖြစ်နေမှာအမှန်။

သူတို့ကဒီလိုစုံတွဲတွေမှမဟုတ်တာ။အိပ်တာတောင်တစ်ယောက်တစ်ခန်း ။စားဖို့ကတော့ ဘယ်သူပြင်ပေးထားမှန်းBlack လည်းမသိ။
အမြဲမီးဖိုခန်းထဲမှာသူ့အတွက်စားစရာတွေက
အပြည့်ရှိသည်။

မနက်စာဆိုလည်း အဆင်သင့်။နေ့လည်ခင်းဗိုက်ဆာလို့ မီးဖိုခန်းထဲဝင်လည်း ဟင်းသုံးမျိုးလောက်ကအဆင်သင့်ရှိသည်။ညစာဆိုရင်လည်း Black ကြိုက်နှစ်သက်သည့် အရွက်သုပ်တစ်မျိုးမျိုးကပါစမြဲ။

Dark ကတော့ဘာတွေဘယ်လိုစားသောက်နေသည်မသိ။ကိုယ်ကတော့ဆာလာတိုင်း
တွေ့သမျှအစားအသောက်တွေ အကုန်လုံးကို မြိန်ရေရှက်ရေစားသောက်ခဲ့တာချည်းပင်။

ကိုယ်ဗိုက်ပြည့်လို့အပြင်ထွက်လာတိုင်း စာကြည့်ခန်းထဲမှာပဲ ဖြစ်ဖြစ် ဧည့်ခန်းထဲမှာပဲ ​ဖြစ်ဖြစ် လက်တော့ပ်တစ်လုံးနှင့် အလုပ်ရှုပ်နေတတ်သော Dark ကိုတွေ့ရတတ်သည်။

" ထွက်စရာလားအခုတောင်သူ့အိမ်မှာ လိုက်နေ နေရလို့မင်းတို့နဲ့မတွေ့ဖြစ်တာ "

" မှော်ဘီဘက်မှာမှတ်လား နင်တစ်ခါပြောတယ်
ငါဖုန်းဆက်တုန်းက "

ယွန်းကိုခေါင်းညိတ်ပြပြီး အအေးကိုပိုက်နှင့်သာအနည်းငယ်စုပ်သောက်လိုက်သည်။အအေးကိုစိန်ပြေနပြေသောက်ရင်း Black ကဆိုင်အပြင်ဘက်ကိုငေးနေလိုက်သည်။

" ခန့် ကပြန်မလာသေးဘူးလား "

ဒီးကဖုန်းပွတ်နေရာကနေ Black ကိုခေါင်းညိတ်ပြသည်။Black ကမျက်မှောင်တစ်ချက်ကုတ်သွားသည်။ယခုနောက်ပိုင်း ဘာဖြစ်တယ်မသိ ခန့်ကိုဖုန်းဆက်လိုက်တိုင်း ဖုန်းကအမြဲမအား။မတော်လို့ဖုန်းရသွားလျှင်လည်း ခန့် ကသိပ်စကားမပြော။ လုပ်စရာရှိသေးတယ်ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးပေးကာ ဖုန်းကိုအရင်ချတတ်သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now