အိမ်မက်ပဲမက်နေလိုက်

1.4K 106 2
                                    

အခန်း(၁၄)

နေရောင်တိုက်ရိုက်ကျနေတာမျိုး မဟုတ်ပေမယ့် အလင်းရောင်ဆိုသည့်အသိဖြင့် မိုးလင်းနေပြီဆိုတာကို Black သိသည်။
ထိုအခါချက်ချင်းစဥ်းစားလိုက်မိသည်က ညကအစီအစဥ်များ ဘယ်လိုဆက်ဖြစ်သွားပြီလဲဆိုတာကိုပင်။

Dark ကရော သူဆေးခပ်ထားတဲ့ဝိုင်ကို သောက်လိုက်ရဲ့လား။
သူကိုယ်တိုင်ကရော အခုဘယ်ကိုရောက်​နေတာလဲ။

စဥ်းစားမရသည့်အဆုံး Black ကဖုန်းဆက်မေးမယ်လို့သာ ဆုံးဖြတ်လိုက်ပြီး မျက်ဝန်းများကိုဖွင့်ချလိုက်လျှင်...

" ဟင် !..."

ပထမဆုံး Black မြင်ကွင်းထဲသို့ ဝင်လာသည်က အနက်ရောင်တွေချည်းအသားပေး ဖွဲ့စည်းထားပါသော စိမ်းသက်သော အခန်းဖွဲ့စည်းပုံ။
မယုံသင်္ကာစိတ်ဖြင့်ဆက်ပြီးအောက်ကို ငုံ့ကြည့်လိုက်မိလျှင်အနက်ရောင် ညအိပ်ဝတ်စုံက ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
မျက်လုံးနှစ်လုံးကိုစဖွင့်လိုက်ကတည်းက အရာအားလုံးကဇောက်ထိုးမိုးမျှော်တွေသာဖြစ်နေခဲ့ပြီး လွှင့်ခနဲဖြစ်သွားသည့်လိုက်ကာစနောက်သို့ အကြည့်ကိုရွှေ့လိုက်မိလျှင်။

" မဟုတ်သေးပါဘူး "

ခန်းဆီးစအလွင့် လှမ်းမြင်လိုက်ရသည့် မျက်နှာချင်းဆိုင်ရှိတိုက်ပုံစံကြောင့် Black မျက်လုံးပြူးသွားသည်။

" ဟ...! "

ကုတင်ပေါ်မှ လေးဘက်မထောက်ရုံတမယ်အပြေးအလွှားဆင်းပြီးကြည့်လိုက်လျှင် သေချာပေါက်ကိုမျက်နှာချင်းဆိုင်အိမ်က ကိုယ့်အိမ်ဖြစ်နေခဲ့သည်။

ဒါဆိုအခုသူရောက်နေတာ မျက်နှာချင်းဆိုင်မှာ
ရှိနေတဲ့အိမ်ကိုပေါ့။

မျက်နှာချင်းဆိုင်အိမ်မှာ လူမရှိဘူးလို့ထင်ခဲ့မိပေမယ့် ပြီးခဲ့သည့်ရက်က​ကားတစ်စီးမောင်းထွက်သွားတာကို မြင်ခဲ့ရဖူးသည်။
တစ်ကယ်လို့လူရှိ​နေတယ်ဆိုရင်တောင် ထိုလူကဘာကိစ္စနဲ့ သူ့ကိုဒီအိမ်ထဲခေါ် လာရတာလဲ။

Dark's Black _ Season(1) [Completed]Where stories live. Discover now