မင်းကိုငါပိုင်တယ်

1.7K 101 1
                                    

အခန်း (၁၉)

Dark အဝတ်အစားများက အရောင်နဲ့ပတ်သက်လာလျှင် ရွေးချယ်စရာမရှိ။ရှိသမျှအဝတ်အကုန်လုံးကအနက်ရောင်တွေချည်းဖြစ်သည်။
Black ကရှပ်အင်္ကျီလက်ရှည်တစ်ထည်ကို ရွေးယူလိုက်ပြီးဂျင်းဘောင်းဘီခြေရှည်နှင့် တွဲဖက်ဝတ်ဆင်လိုက်သည်။
ဝတ်စားဆင်ယင်သည့်အလုပ်ပြီးစီးသွားလျှင် အောက်ထပ်သို့ဆင်းလိုက်သည်။

Dark ကိုစကားမပြောချင်သည့်အတွက် တစ်ခါမှမရောက်ဖူးသည့် စိမ်းသက်သောအိမ်တွင် ထိုင်ဖုန်းဘယ်မှာရှိမလဲလို့အရင်ရှာသည်။
ခဏအကြာ ကျွန်းစားပွဲခုံ​ကြီးပေါ် ၌ ထိုင်ဖုန်းတစ်လုံးရှိ​နေသည်ကို​မြင်လိုက်ရသည်။

နှစ်ခါမစဥ်းစားတော့ဘဲ Black ကအပြေးသွားကာ အိမ်သို့ဖုန်းခေါ် လိုက်သည်။

" ဟလို ဦးဝင်းလား "

" ...... "

" ကျွန်တော့ကို ကားတစ်စီးလွှတ်ပေးပါ "

" ...... "

စကားမပြောချင်ပါဘူးဆိုမှ ရှိနေသည့် တည်နေရာကိုမေးနေသည့် အိမ်တော်ထိန်းကြောင့်။

" မသိဘူး Dark ကိုလှမ်းမေးကြည့်လိုက် သူကျွန်တော့်ကိုခေါ် လာတာ "

" ...... "

" မေးဖို့လား စကားမှမပြောချင်တာ သူ့ကိုလည်းမတွေ့ဘူး "

" ...... "

" သူ့ဖုန်းနံပါတ်လည်းမသိဘူး ဒါပဲ...သူ့ဆီကိုဖုန်းလှမ်းဆက်ပြီးနေရာမေးလိုက် ဦးဝင်း "

" မင်း တစ်ခုခုစားမှဖြစ်မယ် အချိန်မနည်းတော့ဘူး "

ညကပြန်အန်ထုတ်ထားသည့်အရှိန်ဖြင့် ဗိုက်အ​တော်လေးဆာနေပေမယ့် Black က ဆန္ဒကိုထိန်းလိုက်ကာ။

" မဆာဘူး "

" ဘယ်သူမှလာမခေါ်ဘူး ငါပဲလိုက်ပို့​ပေးရမှာမင်းအိမ်ကို "

Black ကချာခနဲနေအောင်လှည့်ကြည့်လိုက်ပြီး...

" အဲဒီတော့... "

Dark's Black _ Season(1) [Completed]Where stories live. Discover now