အဘိုးသဘောတူတဲ့လူက

1.7K 123 3
                                    

အခန်း(၆)

' ခန့် မင်းပြန်လိုက်တော့ ကားကိုလည်းယူသွားလိုက် ... အိုခေ '

ခန့် ဆီကပြန်ဖြေသံကိုပင် Black က မစောင့်။
ပြောပြီးတာနှင့် ခြံထဲသို့အပြေးသမားတစ်ဦးသဖွယ် အားစိုက်ပြေးဝင်သည်။

ခန့် အားအိမ်ထဲဝင်ဖို့ မခေါ် တော့သည်က အဆင်မပြေဖြစ်ကြ​တော့မည့် မိသားစုအတွင်းရေးကိုမသိစေချင်၍ဖြစ်သည်။

အလောတကြီး ခြံထဲသို့ပြေးဝင်သွားသည့် Black အား ခန့် ကမမှိတ်မသုန်စိုက်ကြည့်သည်။

' မင်း ကံကောင်းပါစေ Black ' လို့လည်း စိတ်ထဲကရေရွတ်ပြီးအကြည့်ကိုလွဲသည်။
Black ဝင်သွားပြီး တစ်အောင့်လောက်ကြာမှ ကားစက်ကိုပြန်နှိုးသည်။
ခရီးအား Black ၏ကားကိုမောင်းပြီး သွားခဲ့သည်မို့ နောက်မှကားကိုပြန်ပို့ပေးမည်ဟုတွေးကာ ကားကိုလမ်းမပေါ်သို့ဦးတည်လိုက်သည်။

' ဝူး... ! '

___________________________________________

' ပြန်လာပြီပေါ့ '

ရွှေရောင်တောက်သော ခန်းမကျယ်၏ အပြင်အဆင်​က အဘိုးဖြစ်သူအကြိုက်များဖြစ်သည်။
Black ကဧည့်ခန်းမထဲတွင် မိန့်မိန့်ကြီးထိုင်နေသော အဘိုး​ဖြစ်သူအား ဂရုမစိုက်။
မည်သူမှမရှိတော့သည့် ဧည့်ခန်းပတ်ပတ်လည်ကိုသာ အသည်းအသန် လိုက်ကြည့်သည်။

' အဘိုးသဘောတူတဲ့လူက '

Black တစ်ယောက် လူရှာနေပြီဆိုတာကို အဘိုးဖြစ်သူကကောင်းကောင်းနားလည်သည်။ထို့ကြောင့် ရွှေအနားကွပ်များဖြင့် တင့်တယ်စွာရှိနေသော တိုင်ကပ်နာရီအားလက်ညွှန်ပြ၍။

' ဘယ်အချိန်ရှိပြီလဲ... နာရီကိုကြည့်လိုက်ပါအုံး '

Black ကနာရီကိုတစ်ချက်သာကြည့်လိုက်ပြီး အဘိုးဖြစ်သူဆီသို့ တည့်တည့်လျှောက်သွားသည်။

' ပြန်လာမယ်ဆိုတာကို အဘိုးသိပါတယ် '

အိစက်ညက်​ညော​သည့်ဆိုဖာပေါ် သို့ Black ကအားပြတ်စွာထိုင်ချသည်။
ပြီးလျှင်မိန့်မိန့်ကြီးပြုံးကာကြည့်နေသော အဘိုးဖြစ်သူ ဦးမင်းသော်တာမြိုင်အား သွားတန်းများအဖွေးလိုက်ပေါ်သည်အထိရယ်ပြလိုက်ပြီး။

Dark's Black _ Season(1) [Completed]Where stories live. Discover now