ငါက မင်းကိုလိုချင်တယ်ဆိုရော

1.8K 119 2
                                    

အခန်း(၈)

အဲကွန်းဖွင့်ပြီးအိပ်နေတာတောင် ပူလောင်သောခံစားချက်ကြီးက ဘယ်ကဘယ်လို ရောက်ချလာသည်မသိ။
အဝတ်မကပ်ဘဲ အိပ်နေကျမို့ ပိုပြီးတောင်အေးနေရမှာဖြစ်သည်။
တစ်ခါမှယခုလိုပူလောင်မှုမျိုးကို မခံစားခဲ့ရဖူး။

ပူပြင်းလောင်မြှိိုက်နေခြင်းကြောင့် Black မှာမျက်ဝန်းများကိုစုံမှိတ်ထားရင်းက ဘယ်ညာလူးလွန့်​နေမိသည်။

ဒါတင်မက ရင်ဘတ်ပေါ် ဆွဲတင်ထားသည့် စောင်စကိုလည်း ခပ်ကြမ်းကြမ်းပင် ခါးစပ်နားသို့ဆွဲချလိုက်သည်။
သို့သော်ရင်ဘတ်ထဲရှိ အပူလုံးကြီးကပျောက်ကွယ်မသွား။

ယားယံသည့်ခံစားချက်များကလည်း သွေးသားထဲမှဖြစ်တည်လာသည်မို့ ရင်ဘတ်နှင့်လည်ပင်းသားများကို မညှာမတာကုတ်ဖဲ့ခြစ်သည်။သို့သော် အဆမတန်ကုတ်ခြစ်လည်း အခြေအနေကမထူး။

" ကျွတ် !..."

ရွစိ ရွစိ နှင့် ဆူးစူးသလိုခံစားနေရသည်မို့ ခြေထောက်များအား ဆတ်ခနဲဆွဲရုတ်လိုက်လျှင် ဒုတ်ခနဲထိခိုက်မိသွားသည့် အရာတစ်ခုကြောင့်...

" ဟင်... !"

မဟုတ်သေးပါဘူး။
နေရာကျယ်မှ နှစ်ခြိုက်စွာအိပ်ပျော်တတ်သည့်အကျင့်ကြောင့် မွေ့ယာပေါ် တွင်ခေါင်းအုံး စောင် ဖက်လုံးတစ်လုံး မှလွဲ၍အခြား ဘာပစ္စည်းမှအပိုမတင်။
ဒါကိုယခုခြေထောက်နဲ့ ထိလိုက်မိတာဘာများလဲ။

မျက်လုံးဖွင့်ကာ ကြည့်လိုက်မယ်လို့ရည်ရွယ်နေတုန်းနွေးနေသောခြေထောက်အား ခပ်ဖွဖွလာကိုင်သည့် အထိအတွေ့ကြောင့် Black တွန့်ခနဲဖြစ်သွားသည်။ဒါ့အပြင်အထိအတွေ့က တစ်နေရာနဲ့တင်မရပ်သွား။

ဘာကြောင့်မို့ ခြေဖဝါးကနေ ခြေသလုံးထိရွေ့လာရတာလဲ။
သက်မဲ့ဆိုလျှင် ဘယ်လိုမှရွေ့လာစရာအကြောင်း မရှိ။
ညာဘက်ခြေထောက်ကိုသာထိနေသည်မို့ အထိအတွေ့အား ခံစားနေမိသည့် ကိုယ်တစ်ခြမ်းလုံးမှာ တဖြည်းဖြည်းကျဥ်တက်လာခဲ့သည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now