အခန်း(၄၃)
" မပြောနဲ့ "
အခန်းထဲကိုအကြောင်းကြားတော့မည့်ဆဲဆဲ Black ကအတွင်းရေးမှူးမလေးကိုလက်ကာပြလိုက်သည်။
Dark ၏အလုပ်ကို ခဏခဏမလာဖြစ်ပေမယ့် သူ့ရုံးခန်းထဲက ဓာတ်ပုံကြီးကြောင့်ဖြစ်လိမ့်မည်
မြင်သမျှဝန်ထမ်းတိုင်းက Black ကိုတွေ့လိုက်တာနှင့်အကုန်လုံး ပျာပျာသလဲကြိုဆိုကြသည်။တစ်ခုခုကိုပြောချင်နေသည့် အတွင်းရေးမှူးမလေး၏ပုံစံကြောင့် Black ကနှုတ်ခမ်းကိုအသာမဲ့သည်။ပြီးတာနှင့် နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘဲ အခန်းထဲကိုဝင်ချလိုက်သည်။
ခြေငါးလှမ်းစာလောက်သာ ဆက်လျှောက်သွားပြီး ထောင့်ချိုးကနေကွေ့ဝင်လိုက်လျှင် Dark နှင့်မျက်နှာချင်းဆိုင် တွေ့ရတော့မည်ဖြစ်သည်။
Black ကတမင်ရှေ့ဆက်မသွားဘဲ အခန်း၏ထောင့်နားမှာပင်ကပ်ပြီးရပ်လိုက်သည်။" တစ်ကယ်ပြောတာ Dark စားကောင်းတာမှလေ ငါတို့ပြင်သစ်မှာစားနေကျဆိုင်ရဲ့အရသာကိုတောင်မှီတယ် "
" အဟွန်း "
" ဒီအပတ်ထဲတစ်ခေါက်လောက် ထပ်သွားမယ်လို့စဥ်းစားထားတယ် နင်လိုက်ခဲ့လေ "
" နေရာက "
" ပြည်လမ်းမဘက်ကလေ Hotel G "
" ဒီအပတ်ထဲတော့အားမယ်မထင်ဘူး "
" နင်ကလည်း ငါ့မွေးနေ့ရှိတယ်လေ မအားလို့မရဘူး "
တမင်မလိုက်မှာစိုးလို့ဂျီကျနေတာ...
မွေးနေ့တိုင်းမရမက " Empire Of Dark " က Anniversary ခန်းမထဲမှာပဲ ပွဲကိုကျင်းပခဲ့တာဖြစ်သည်။" လာမဲ့လထဲမှာမဟုတ်ဘူးလား "
" ဟုတ်ပါတယ်လာမဲ့လထဲမှာ ... ဒါပေမယ့် ငါမရှိဘူးလေ ပြင်သစ်ပြန်ရမှာ... နင်သိတယ်မှတ်လားဟိုမှာကအမြဲမိသားစုနဲ့နေပေးရတယ်လေငါ့မွေးနေ့တိုင်း "
" ပြောပြန်ပြီ...ဒီလိုနဲ့နှစ်တိုင်း ငါ့ရှေ့မှာပဲမျက်စိနောက်အောင်ကျင်းပနေတာ "
မွေးနေ့လကိုတောင်မှတ်မိနေတယ်ဆိုတော့...
Black ၏နီထွေးသည့်နှုတ်ခမ်းတစ်စုံသည် အလိုလိုနေရင်းမဲ့ကျသွားသည်။
ခေမီရောက်နေတယ်ဆိုတာကို အစကတော့မသိ။
ဝန်ထမ်းများ တီးတိုးပြောနေသည့်စကားထဲတွင်...
![](https://img.wattpad.com/cover/293879746-288-k19418.jpg)
YOU ARE READING
Dark's Black _ Season(1) [Completed]
Любовные романы" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚