ချစ်လို့လေ(Season-1,Final)

4K 139 35
                                    

အခန်း(၆၁)

" ဟင့်အင်း မချီနဲ့တော့ချပေး Dark "

" ဘာဖြစ်လို့လဲ "

ထမင်းစားခန်းထဲကထွက်ပြီးသည်နှင့် လှေကားရှိရာဘက်ဆီသို့ Dark ကဦးတည်သွားနေခြင်းဖြစ်သည်။
Black မှာလမ်းတစ်လျှောက် သူ့မျက်နှာကိုမော့ကြည့်ပြီးလိုက်လာရတာကိုပင် တစ်မျိုးကြီးလို့ခံစားနေရသည်။
ကိုယ်ဘက်က အရမ်းကြီးချွဲနေသလိုပုံစံများဖြစ်နေသလားပေါ့...

ယောကျာ်းလေးအချင်းချင်းကို သူ့ဘက်ကအဲဒီလောက်ထိ လုပ်ပေးစရာလိုလို့လား။
ကိုယ့်ဘက်ကလည်း သူ့ကိုချစ်ပါတယ်လို့ဝန်ခံပြီးသွားပြီ။
Dark ဘက်ကအရင်ကလို တစ်ဖက်သက်ကြီးကြိုးစားစရာမှမလိုတော့တာ။

လက်ရှိအချိန်က နှစ်ဦးနှစ်ဖက်စလုံး သဘောတူညီမျှစွာ ချစ်နေကြသည့်အချိန်။
သူ့ဘက်ကချစ်နေသလို ကိုယ်ဘက်ကလည်းချစ်နေခဲ့ပြီ။ယခုဆိုသူ့ရင်ခွင်ထဲမှာပွေ့ချီခံထားရသည့် ကိုယ်ကကလေးလိုလိုဘာလိုလို။

ဘာကြောင့်ရယ်မသိ စိတ်ထဲမှာတော့ ကိုယ့်လို
ယောကျ်ားရင့်မာကြီးတစ်ယောက်ကိုချီထား
ရသည့် Dark ကိုပဲအရမ်းအားနာနေမိကာ...

" ကလေးမှမဟုတ်တာ...ငါကဒီလိုကြီးအချီရနေရတာက "

" ကိုယ်သိတာပေါ့ ... "

စကားနဲ့ပြောရုံတင်မဟုတ်ဘဲ Dark ကရင်ခွင်ထဲတွင်ရှိနေသည့် Black ၏တစ်ကိုယ်လုံးကိုနှုတ်ခမ်းသားတွေသပ်ရင်းက စူးနင့်စွာစိုက်ကြည့်ရင်း...

" ကလေးမဟုတ်ဘူးဆိုတာကို "

" Dark... !"

သူ့ကိုအားနာစိတ်တွေဖြစ်နေတယ်ဆိုပေမယ့် စိတ်မြန်သည့်အကျင့်အတိုင်းရင်ဘတ်ကို နှစ်ချက်လောက်ကတော့ထုမိသားဖြစ်သွားသည်။
ထုပြီးသွားမှ နှုတ်ခမ်းထောင့်ကိုအသာကိုက်လိုက်မိသည်။
ဘယ်လိုကြောင့်ကိုယ့်ဘက်ကကြီး အမြဲဆိုးနေမိတာလဲဆိုသည့်အတွေးနှင့်။

Dark ကတော့ဘယ်လောက်ပဲအသားနာနာ ခွင့်လွှတ်ကြည်ဖြူသော အပြုံးတွေ
နှင့်သာ Black ကို စိုက်ကြည့်မြဲစိုက်ကြည့်နေခဲ့လျက်...

" ဒီအတိုင်းပဲနေလိုက်ပါ...ကိုယ်ချီချင်လို့နီးနေပြီပဲကို "

Dark's Black _ Season(1) [Completed]Where stories live. Discover now