ရူးရုံလေးမှမဟုတ်တာ

1K 83 4
                                    

အခန်း(၄၂)

" ကလင်...ကလင် "

ဒီနေ့က တနင်္ဂနွေနေ့...
တော်ရုံဆိုအိမ်ဖုန်းကမလာတတ်သဖြင့် Black မှာမျက်လုံးနှစ်ဖက်ကိုအသာမှေးစင်းပြီး
စဥ်းစားသည်။ဘယ်သူများလဲပေါ့။
အိမ်ကလူကြီးတွေက ဟန်းဖုန်းကိုခေါ် တာများသည်။Black ၏ဖုန်းကိုမှခေါ်လို့မရရင် Dark ဆီကိုသာလှမ်းခေါ် လေ့ရှိသည်။
အိမ်ဖုန်းကို ယခုနောက်ပိုင်းသိပ်မခေါ် ကြ။
ဖတ်နေသည့်စာအုပ်ကိုစားပွဲပေါ် သို့တင်လိုက်သည်။

ပြီးလျှင်ဖုန်းဆီသို့ လျှောက်သွားရင်းမီးဖိုခန်းဘက်ကိုလှမ်းကြည့်သည်။
Dark ကမနက်စာစားဖို့အတွက် ပြင်ဆင်
ပေးနေသည်မို့ ဖုန်းသံကိုမကြားနိုင်။
ထို့ကြောင့် ကလင် ... ကလင် ... နှင့် ဆူညံစွာမြည်နေသောဖုန်းကိုကောက်ကိုင်လိုက်သည်။

" ဟလို "

ဟလို... ဆိုပြီးတစ်ဖက်က ပြောလာသည့် မိန်းကလေးအသံကြောင့် မျက်မှောင်ကအလိုလို ကုတ်ချီသွားသည်။

" ဟလို... Dark လား... ဘာဖြစ်လို့ဖုန်းမကိုင်တာလဲ "

ဟန်းဖုန်းကိုအရင်ဆက်လိုက်ပုံရသည်။
Dark ကမကိုင်သောကြောင့်သာ အိမ်ဖုန်းကိုဆက်လာခြင်းဖြစ်နိုင်၏။

" ဟလို...Dark မဟုတ်ဘူးလား...ဘာဖြစ်လို့ငြိမ်နေတာလဲ...ခေမီပါအသံကြားတာတောင်မမှတ်မိတော့ဘူးပေါ့ "

Black တမင်ရစ်ချင်သောကြောင့်ဘာစကားမှပြန်မပြောခြင်းဖြစ်သည်။
မျက်လုံးထောင့်စွန်းကနေလည်း မီးဖိုခန်းဘက်ကိုအသာငဲ့ကြည့်လိုက်သေးသည်။
Dark ၏အရိပ်အယောင်ကို လုံးဝမတွေ့။
ထို့ကြောင့် တိကျသော ဆုံးဖြတ်ချက်ကိုBlack
ချလိုက်သည်။
ကိုယ့်ဘာသာပဲဒီဖုန်းကိုဖြေလိုက်ဖို့...

" Dark မဟုတ်ဘူး... ဘာပြောပေးရမလဲ "

အိုး... ဆိုပြီးဖြစ်သွားသည့် အသံကြောင့် Black နှုတ်ခမ်းကိုတစ်ချက်မဲ့သည်။

" ဆောရီးပါခေမီက Dark လို့ထင်နေတာ... ဘာမှပြောပေးစရာမလိုပါဘူး...ဖုန်းမကိုင်လို့လေ သူ
မအားဘူးလား "

" ဟုတ်တယ်မအားဘူး "

" ဘာလုပ်နေလို့လဲ အရင်တွေဆိုခေမီဆက်သမျှဖုန်းတိုင်းသူကိုင်ပါတယ် "

Dark's Black _ Season(1) [Completed]Where stories live. Discover now