အခန်း(၅၅)
" ထိုင်အုံး Black ...ခန့် ပြန်လာခဲ့မယ် "
" အင်း... ရတယ် "
Black ကခေါင်းတစ်ချက်ညိတ်ကာဆိုဖာ၌ဝင်ထိုင်လိုက်လျှင် ခန့် က အပေါ် ထပ်သို့အပြေးလေးတက်သွား၏။
ခန့် ကိုယ်တိုင်ချပေးထားသည့် Orange Juice
ကို Black ကတစ်ချက်တော့ငေးကြည့်လိုက်သည်။
ရင်ထဲမှာပူနေတာမှန်ပေမယ့် အအေးသောက်ဖို့ကိုတော့ စိတ်မဝင်စားနိုင်ဘဲရှိနေကာ..." အလုပ်တွေများနေလို့လား " မတင်မကျဖြစ်
သည့်စိတ်နှင့် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသည့်အကြိမ်ရေအတိုင်း နောက်ထပ်တစ်ကြိမ် ဖုန်းကိုပြန်ကိုင်ကာ တီးတိုးလေးရေရွတ်သည်။
အလုပ်တွေများနေတယ်ဆို သူ့ဘက်ကဖုန်းဆက်ပြီးပြောသင့်တယ်မဟုတ်ဘူးလား။
ကိုယ့်ဖုန်းနံပါတ်ကို သူမသိတာလည်းမဟုတ်...ဒါဆို ကိုယ်ကရော...
ကိုယ်လည်းသူ့ဖုန်းနံပါတ်ကိုသိနေတာပဲ...
ဘာဖြစ်လို့ သူ့ကိုဆက်ပြီးမမေးလိုက်တာလဲ...
" မင်း...တစ်ညလုံးဘယ်ရောက်နေတာလဲ "ဆိုပြီး..." ကျစ်... ! "
" ဘုတ်... ! "
ရှုပ်ထွေးလွန်းသည့်စိတ်တွေကြောင့် ဘာမှမလုပ်ဖို့ပဲဆုံးဖြတ်လိုက်ကာ ဖုန်း ကိုပစ်ချလိုက်သည်။
တအောင့်လောက်ကြာလျှင် ဆိုဖာပေါ် ၌ပစ်ချခံထားရသည့် ဖုန်း ကိုပဲပြန်ငဲ့ကြည့်မိသည်။
ဘာလဲ...
ကိုယ်ကရောဒီသတင်းတွေကြောင့် Dark ကိုစကားပြောချင်စိတ်မရှိတာလား...
မဖြစ်နိုင်တာ...
အစကတည်းက ဒီကိစ္စတွေကိုသိနေခဲ့တာပဲ...
သိနေရက်နဲ့ကို ကိုယ့်နှလုံးသားတွေက သူ့ဘက်ကိုယိမ်းယိုင်သွားခဲ့တာမဟုတ်ဘူးလား...
သူနဲ့တွေ့မှ ပျော့ပျောင်းသွားခဲ့ရတဲ့ ကိုယ့်မာနတွေကရော...
အခြားလူတွေကိုသာလိမ်လို့ရချင်ရမည်။
ကိုယ့်ကိုယ်ကိုတော့ပြန်လိမ်လို့မရ..." ဒါမှမဟုတ်... "
" ဆောရီး...ခန့်နည်းနည်းကြာသွားတယ် "
" သြော်...အင်းရပါတယ် "
ခန့် ရောက်လာသောကြောင့်တစ်ယောက်ထဲစကားပြောသည့်အလုပ်ကို Black ကရပ်တန့်လိုက်ပြီး နှုတ်ခမ်းသားတွေကိုတင်းနေအောင် တစ်ချက်ပြုံးသည်။

YOU ARE READING
Dark's Black _ Season(1) [Completed]
Romance" Dark's Black " Season-(1) Start (15.2.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚