Chapter - 2

18.6K 2.2K 78
                                    

Unicode

ကျွန်တော်ကသားအရင်းရောဟုတ်ရဲ့လား
______________________________

ဂျန်ရှင်းဆွေ့ အိမ်အပေါ်ထပ်ကနေဆင်းလာခဲ့တယ်။ အစက ဒီအိမ်ကနေ အေးအေးဆေးဆေးပဲ ထွက်လာနိုင်မယ်ထင်ခဲ့တာ။ အောက်ထပ်ကိုရောက်ရုံရှိသေးတယ် အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ယောက်ျားလေးတစ်ယောက်က သူ့ဆီတည့်တည့်ကြီးလျှောက်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူကတော်တော်လေးတော့ကြည့်ကောင်းတယ်။ ဒါပေမဲ့ ဂျန်ရှင်းဆွေ့ ကိုမြင်လိုက်တာနဲ့ မျက်နှာပျက်သွားတယ်။ အဲ့ဒီသူကတော့ အရင်ဘဝကအန်းရန်ကိုကာကွယ်ပေးခဲ့တဲ့ သူ့အစ်ကိုကြီး'ဂျန်ကု'ပါပဲ။

တကယ်ကိုပဲ,

ဂျန်ရှင်းဆွေ့ ဘာမှမပြောရသေးခင် ဂျန်ကုက သူ့ရှေ့မှာရပ်လိုက်ပြီးတော့ "မင်း အဖေနဲ့ ဆွေးနွေးပြီးပြီလား?"

ဂျန်ရှင်းဆွေ့လည်း ခေါင်းငြိမ့်လိုက်ပြီး "အင်း"

"ပြီးတော့ရော" ဂျန်ကုက သူ့ကို မတူမတန်သလိုကြည့်လိုက်ပြီးတော့ အထင်သေးတဲ့လေသံနဲ့ "အဖေ့ဆီက ပိုက်ဆံဘယ်လောက်ယူခဲ့လဲ?"

"......"

ဂျန်ရှင်းဆွေ့ ပြောစရာစကားရှာမရတော့ဘူး "မယူခဲ့ဘူး"

မနှစ်မြို့သလို မျက်ခုံးပင့်လိုက်ပြီးတော့ "ပေးတဲ့ပိုက်ဆံကမလောက်လို့လား"

သူ့စကားကြောင့် ဂျန်ရှင်းဆွေ့ ​ကြောင်အသွားပြီး ဘာပြောရမှန်းမသိတော့ဘူး။အဓိကကတော့ သူဆွံ့အသွားရတာပဲ။ အချိန်တစ်ခုလောက်အထိ ဘာလုပ်ရမှန်းမသိဖြစ်သွားလေတယ်။ ဒါပေမဲ့ ဂျန်ကုရဲ့မျက်လုံးထဲမှာတော့ အဲ့ဒီတုံ့ပြန်မှုက သူ့စကားကိုအတည်ပြုလိုက်တာပဲ။

ဂျန်ကုလှောင်ရယ် ရယ်လိုက်ပြီးတော့ "ဂျန်ရှင်းဆွေ့ ဒီအစ်ကိုကြီးက မင်းရဲ့မျက်နှာအစစ်ကို အမှတ်မမှားဘူးပဲ။ မင်းဦးနှောက်ထဲမှာ ကြင်နာမှုနဲ့တရားမျှတမှုတွေမရှိပဲ အကုန်လုံးက ပိုက်ဆံနဲ့ တုံးအတဲ့လှည့်ကွက်တွေနဲ့ ပြည့်နေတာပဲ"

ဂျန်ရှင်းဆွေ့ နားမလည်နိုင်အောင်ကို ထပ်ပြီးအဆူခံရပြန်ပြီ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now