Chapter - 17

16.8K 2.4K 103
                                    

Unicode

ဖုကောကသူ့ကိုသဘောအကျဆုံးပဲ
____________________________

Aအဖွဲ့ကသူတွေပြန်လာကြတော့မဲ့အချိန်မှာ ဂျန်ရှင်းဆွေ့ကလူသွားခေါ်တော့တယ်။

ရှန်ရှင်းချန်က၂နာရီကျော်လောက်အိပ်လိုက်ရတယ်။ သူအချိန်ကိုကြည့်ပြီးသွားတော့ ဂျန်ရှင်းဆွေ့ကိုစိုက်ကြည့်လိုက်ပြီး "နှိုးစက်ကဘာလို့မမြည်ရတာလဲ?"

"သူတို့လည်းအခုမှထတာ မင်းမှာအချိန်ရှိပါသေးတယ်" ဂျန်ရှင်းဆွေ့ကသူ့ကိုရေပေးလိုက်ပြီး "မင်းကတစ်နေလုံးလေ့ကျင့်နေတာ အိပ်ရေးမဝရင် နည်းပြတွေရှေ့မှာအမှားလုပ်မိလိမ့်မယ်"

ရှန်ရှင်းချန်ကရေနည်းနည်းသောက်ပြီး သူ့ကိုကြည့်လိုက်တယ်။ ပြီးတော့ ထူးဆန်းစွာကြည့်ကာ "မင်းကံကောင်းသားပဲ သူတို့နိုးနိုးချင်း မင်းလည်းနိုးလာတာပဲ"

ဂျန်ရှင်းဆွေ့ကရယ်ပဲရယ်နေပြီး ဘာမှတော့ပြောမလာဘူး။

ရှန်ရှင်းချန်ကရေနှစ်ငုံလောက် ဆက်သောက်နေပြီးတော့မှ ရုတ်တရက်သောက်နေတာကိုရပ်လိုက်တယ်။ သူရုတ်တရက်တုန့်ပြန်လိုက်သလိုမျိုးပဲ။ ရေခွက်ကိုကိုင်ထားတဲ့လက်ကို ဖြည်းဖြည်းချင်းအောက်ချလိုက်တယ်။ နက်မှောင်နေတဲ့မျက်လုံးတွေက ဂျန်ရှင်းဆွေ့ကိုစိုက်ကြည့်နေပြီး ပြောလိုက်တယ် "မင်းမအိပ်ထားဘူးလား?"

ဂျန်ရှင်းဆွေ့ကအလျင်အမြန်ပဲ "ငါအိပ်တယ် ငါအိပ်တယ် ငါတကယ်အိပ်တာပါ"

ရှန်ရှင်းချန်ကမယုံဘဲ "ဘာလို့မင်းအိပ်ရာကသပ်ရပ်နေသေးတာလဲ?"

"ငါလေ့ကျင့်တဲ့အခန်းမှာ ခဏလောက်လေ့ကျင့်လိုက်သေးတယ်" ဂျန်ရှင်းဆွေ့ကနံရံပေါ်ကနာရီကို တစ်ချက်ကြည့်လိုက်ပြီး "အခု၅နာရီတောင်ရှိနေပြီ မင်းအရင်သွားလေ့ကျင့်လိုက်အုန်း ငါခဏအိပ်အုန်းမယ်"

ဒီအချိန်ဆိုနည်းပြတွေဆီမှာ သွားပြိုင်တဲ့သူတွေရှိနေလောက်ပြီလို့ ရှန်ရှင်းချန်ခန့်မှန်းမိတော့ သူ့ကိုမေးလိုက်တယ် "မင်းသွားမပြိုင်ဘူးလား?"

"ငါကအကမှာအခြေခံမရှိဘူး မနေ့က အကတစ်ဝက်လောက်ပဲ လေ့ကျင့်ရသေးတယ် ပြီးတော့အဲ့တစ်ဝက်ကလည်း ကို့ယို့ကားယားနဲ့ အဲ့တာကြောင့်အခုမအိပ်လည်း တခြားသူတွေနဲ့ပြိုင်နိုင်မှာမဟုတ်ဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now