Chapter - 41.2

16.8K 2.3K 159
                                    

Unicode

သွေးသားတော်စပ်မှုနှုန်း
_____________________
အပေါ်တက်သွားပြီးတဲ့နောက်မှာ ရှန်ရှင်းချန်က ကျန်ရှင်းဆွေ့ကိုသူ့အခန်းဆီ ခေါ်ဆောင်သွားခဲ့တယ်။ ဒီအခန်းက ကျန်ရှင်းဆွေ့ရဲ့အတွေးထဲကဟာထက်..... နည်းနည်းပိုသေးတယ်။ ဒါပေမဲ့လေးဖက်လုံးမှာ ဗီရိုတွေနဲ့ပြည့်နေကာ ကစားစရာတွေအရုပ်တွေ ထည့်ထားတယ်။ ကျန်ရှင်းဆွေ့ကိုပြောလိုက်တယ် "တကောရဲ့ရတနာလေးတွေ မင်းကိုပြရတာပေါ့!"

ကျန်ရှင်းဆွေ့စူးစမ်းနေတုန်းမှာပဲ ရှန်ရှင်းချန်ဗီရိုထဲကနေ VR Gameစက်ကို ထုတ်ယူလာလိုက်တယ် "မြန်မြန် မြန်မြန် ဒါကlimiter edition gameစက်နော် သာမန်လူတွေမဝယ်နိုင်ဘူး ရောင်းတာမျိုးလည်းမရှိဘူး ငါစျေးကြီးပေးဝယ်တာတောင် မဝယ်နိုင်ခဲ့ဘူး ဖုကောမှနည်းလမ်းရှိလို့သာပဲ မွေးနေ့လက်ဆောင်အနေနဲ့ပေးလိုက်တာ! ပြီးတော့ ပြီးတော့ဒီဟာ....."

ဖုကျင်းရှောင်းရဲ့နာမည်ကို ကြားလိုက်ရတဲ့အချိန်မှာ ကျန်ရှင်းဆွေ့ရဲ့မျက်ဝန်းတွေ အနည်းငယ်လှုပ်ရှားသွားရတယ်။

ရှန်ရှင်းချန်ကသူ့ကိုဆွဲကာ "ကောင်းပြီ ကောင်းပြီ မင်းကိုသူ့ရဲ့functionတွေပြပေးမယ်....."

နာရီဝက်လောက်နေလို့ ရွှီအန်းကျန်းအခန်းဆီရောက်လာတဲ့အခါမှာတော့ ကော်ဇောပေါ်မှာအချင်းချင်းမှီအိပ်နေကြတဲ့ နှစ်ယောက်ကိုတွေ့လိုက်ရတယ်။ ဘေးမှာကတော့ ရှန်ရှင်းချန်မှာရှိတဲ့ ရှားပါးပစ္စည်းလေးတွေနဲ့ အပြည့်ဖြစ်နေတယ်။ ကြည့်ရတာသူငယ်ချင်းကို ဝေမျှဖို့ မစောင့်နိုင်တော့ပုံပဲ။

ရွှီအန်းကျန်း သက်ပြင်းဖွဖွချကာ ဘေးကစောင်လေးယူလိုက်ပြီး ကျန်ရှင်းဆွေ့ကိုယ်ပေါ် ခြုံပေးလိုက်လေတယ်။

ရှန်ရှင်းချန်က အောက်မှာကားယားလေးအိပ်နေပြီးတော့ ကျန်ရှင်းဆွေ့ကတော့ သူ့ဘေးမှာအိပ်နေတာဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့မျက်နှာပေါက်တွေက မီးရောင်အောက်မှာ အတော်လေးဆင်တူလို့နေတယ်။ ရွှီအန်းကျန်းကိုအနည်းငယ် ကြောင်အစေကာ ဒီနှစ်ယောက်ကအစကတည်းက ဒီလိုမျိုးဆက်ဆံရေးကောင်းတဲ့ ညီအစ်ကိုတွေဖြစ်သင့်တာဆိုတဲ့ ခံစားချက်မျိုးရရှိစေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTahanan ng mga kuwento. Tumuklas ngayon