Chapter - 80.1

14.1K 1.9K 62
                                    

Unicode

ဖုလောင်ရှီးပုခုံး
_________________

ဖုကျင်းရှောင်းရဲ့ ဒီစကားကိုကြားတော့ ကောင်မလေးကြောင်သွားရတယ်။ ရှန်ရှင်းဆွေ့လည်း ကြောင်သွားတယ်လို့ ပြောလို့ရတယ်။

Live roomထဲက ပရိသတ်တွေလည်း လူတို့နဲ့အတူတူ ကြောင်အသွားရတယ် :

"မိသားစုကခက်ခဲနေတဲ့ဖုကျင်းရှောင်း"

"ဟားဟားဟားဟား ဥက္ကဌဖု အဆင်ပြေနေသေးရဲ့လား?"

"ဖုgroup live roomမှ ထွက်သွားသည်"

"ဖုကောက ဒီဘက်ပိုင်းမှာ အမြဲတမ်းတော်တယ်"

ရှန်ရှင်းဆွေ့ စဥ်းစားလိုက်မိတာကတော့ တခြားသူတွေနဲ့လုံးဝမတူလေဘူး။ပြောရရင် အိုင်ဒေါအပေါ်မှာ လူတိုင်းလိုလိုက အနည်းနဲ့အများတော့ filterရှိကြတာချည်းဖြစ်တယ်။ ဥပမာပြောရရင် ရှန်ရှင်းဆွေ့လိုမျိုးပေါ့။ သူ့မသိစိတ်ကနေ ဖုကျင်းရှောင်း သူ့ကိုလိမ်နေတာလားလို့ သူတွေးမိသွားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဖုကျင်းရှောင်း သူ့ကိုတစ်ခါမှ မလိမ်ခဲ့ဖူးလို့ပဲ။ အဲတာကြောင့် သူရဲ့ပထမဆုံးတုံ့ပြန်မှုက သူလိမ်နေတာများလားလို့ တွေးမိတာမဟုတ်ပဲ......

ငယ်ငယ်ကတည်းက ကိုယ့်မိသားစုမှာ အခက်အခဲတစ်ချို့ရှိခဲ့တယ်။ သရုပ်ဆောင်ဖြစ်လာဖို့က ကိုယ့်ရဲ့ဆန္ဒသေးသေးလေးတစ်ခုပဲ။

တခြားသူတွေအတွက် ရယ်စရာတစ်ခုလို ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ခြေတစ်လှမ်း ဆုတ်ပြီးပြောရမယ်ဆိုရင် ဖုအိမ်တော်မှာ ငယ်ရွယ်နေသေးတဲ့ ဖုကျင်းရှောင်းအတွက်ပြောရရင် အသက်ငယ်ငယ်လေးမှာပဲ အမေအရင်းကသေဆုံးသွားပြီဆိုတာကို သိလိုက်ရတယ်။ အဖေကနောက်အိမ်ထောင်ပြုလိုက်တယ်။ မိသားစုရဲ့ဖိအားတွေလည်း ရှိနေသေးတယ်။ အားလုံးထင်ကြတာက သူ့မှာဒီလောက်များပြားတဲ့ ချမ်းသာကြွယ်ဝမှုတွေရှိနေတာ ပြီးတော့ တစ်ဦးတည်းသောသားလည်းဖြစ်နေသေးတယ်။ ဘယ်လိုလုပ်ပြီး စိတ်ရှုပ်စရာကိစ္စတွေရှိပါ့မလဲပေါ့......

ဒါပေမဲ့ အမှန်တကယ်ရော ဘာစိတ်ရှုပ်စရာမှ ရှိမနေဘူးတဲ့လား?

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now