Chapter - 47.2

19.4K 2.6K 398
                                    

Unicode

ကစားဖော်ကစားဖက်များ၏တွေ့ဆုံမှု
____________________________

ကျန်ရှင်းဆွေ့ကို လိလိကဆွဲခေါ်သွားပြီး သူ့မှာရှိတာတွေမရှိတာတွေ ပြောနေတော့တယ်။ နောက်ဆုံးသူကြောက်ရွံ့သွားကာ မသိလိုက်ပါသာနဲ့ အကူညီတောင်းတဲ့အကြည့်လေးက ဖုကျင်းရှောင်းဆီရောက်သွားတော့တယ်။ ရုပ်ရှင်ဧကရာဇ်ဖုက သနားစရာကောင်လေးရဲ့အကြည့်ကို လက်ခံလိုက်ရပြီးနောက်မှာ သူ့ကိုယ်သူနည်းနည်းထိန်းလိုက်ပြီး ရွှီအန်းကျန်းကိုပြောလိုက်တယ် "အန်တီ ကျွန်တော်ကြက်စွပ်ပြုတ်နံ့ရတယ် ဒီနေ့အန်တီကိုယ်တိုင်ချက်ထားတာလား?"

ရွှီအန်းကျန်းလည်း အလျင်အမြန်အသံပြန်ပြုလိုက်ရင်း "ဟုတ်တယ် ဟုတ်တယ် မပြောရင်အန်တီတောင်မေ့တော့မလို့ အားလုံးရောက်ပြီဆိုတော့ ထမင်းစားကြတာပေါ့"

ကျန်ရှင်းဆွေ့မေးလိုက်တယ် "အဲ့တာဆို ကောကောနဲ့အဖေကရော?"

"သူတို့အချိန်ပိုဆင်းရတာက ပုံမှန်ဖြစ်နေပြီ" ရွှီအန်းကျန်း သူ့လက်ကိုပုတ်လိုက်ရင်း "စောင့်စရာမလိုဘူး"

ကျန်ရှင်းဆွေ့အဲ့တော့မှ ခေါင်းညိတ်လိုက်တော့တယ်။

လိနာ့လည်းပါးစပ်ပိတ်လိုက်ပြီး ကျန်ရှင်းဆွေ့ကိုထမင်းစားပွဲဆီ လွှတ်လိုက်တော့တယ်။ ထမင်းစားပွဲဘေးရောက်တော့ ကျန်ရှင်းဆွေ့ကပုံမှန်အတိုင်းပဲ ရွှီအန်းကျန်းကို စွပ်ပြုတ်ခပ်ဖို့၊ထမင်းပြင်ဖို့ ကူညီပေးလေတယ်။ လိနာ့ကိုလည်း ပန်းကန်တွေ၊တူတွေ ကူယူပေးရင်း သွားလိုက်လာလိုက်နဲ့ ဝီရိယရှိရှိကူညီပေးနေတယ်။

ရှန်မိသားစုက တခြားမိသားစုတွေနဲ့မတူဘူး။ ရွှီအန်းကျန်းက အိမ်ထဲမှာအပြင်လူတွေ အများကြီးရှိနေတာကို မကြိုက်တာကြောင့် ဝူမားကိုပဲအိမ်ထဲနေခိုင်းပြီး ကူညီခိုင်းတတ်တယ်။ ကိစ္စတော်တော်များများကလည်း အိမ်ကလူတွေကိုယ့်ပါကိုပဲလုပ်ကြတာဖြစ်တယ်။ ဒါပေမဲ့အားလုံးကလည်း ဒီလိုမျိုးကိုလက်ခံပေးနိုင်ပြီး နေသားကျနေကြပြီဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က မိသားစုဝင်တွေအတွက် အလုပ်များနေမှသာ ဘဝရဲ့ပျော်ရွှင်မှုကိုခံစားရနိုင်တာဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now