Unicode
သွယ်ဝိုက်အနမ်း
_______________ဖုကျင်းရှောင်းရဲ့စကားဆုံးသွားတဲ့အချိန် နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။
ရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့ ဧည့်သည်တွေကြောင်အကုန်ကြတယ်။ ဘေးနားကကင်မရာမန်းတွေ ကြောင်အကုန်ကြတယ်။ ရိုက်ကူးရေးအဖွဲ့ကလူတွေလည်း ကြောင်အကုန်ကြတယ်။ ဖုကျင်းရှောင်း ဒီလောက်သတ္တိရှိပြီး ဒီလောက်ပြောရဲလိမ့်မယ်လို့ အားလုံးမထင်ထားကြဘူး။
ဖုကျင်းရှောင်းနဲ့ မျက်နှာချင်းဆိုင်မှာရပ်နေတဲ့ ရှန်ရှင်းဆွေ့ကတော့ လူတစ်ကိုယ်လုံး ကြောင်အကာ ဘာလုပ်ရမှန်းမသိဖြစ်သွားတော့တယ်။
"ကျွန်တော်......" ရှန်ရှင်းဆွေ့ မျက်လုံးပြူးသွားရပြီး စကားတွေတောင်ထစ်ကုန်တော့တယ်။ တကယ်တော့ သူဦးနှောက်ထဲမှာ ဗလာဖြစ်သွားခဲ့ပြီ "ကျွန်တော်......"
Live roomထဲမှာတော့ ဒီအမေးစကားကြောင့် အံ့အားသင့်သွားကြပြီး screenတစ်ခုလုံးက question markတွေနဲ့ ပြည့်နှက်သွားခဲ့တယ် :
"?"
"? ? ?"
"? ? ဘုရားရေ ဒီနေ့ကApril foolနေ့လားမေးပါရစေ!"
ရိုက်ကူးရေးအဖွဲ့ကလူတွေလည်း တဖြည်းဖြည်းနဲ့မူမမှန်တော့တာကို ခံစားမိလိုက်ကြတယ်။ မလှမ်းမကမ်းက ဒါရိုက်တာကပထမဆုံး တုံ့ပြန်နိုင်လာပြီး အခြေအနေကိုအလျင်အမြန်ထိန်းကာ မေးလိုက်တယ် "ရှန်လောင်ရှီး ဖုကောက မင်းကိုသူနဲ့တစ်သင်းတည်း နေလို့ရမလားတဲ့"
ရှန်ရှင်းဆွေ့ထိတ်လန့်သွားရပြီးမှ ထွက်ပြေးသွားတဲ့ခံစားချက်တစ်ချို့ တဖြည်းဖြည်းနဲ့ပြန်ရောက်လာခဲ့တယ်။
ရိုက်ကူးရေးအဖွဲ့ရဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့် တခြားဧည့်သည်တွေလည်း တဖြည်းဖြည်းပြန်တုံ့ပြန်နိုင်လာကြတယ်။ အားလုံးတိုင်ပင်မထားပါဘဲ သက်ပြင်းချလိုက်မိကြတယ်။ ပြီးတော့ ဒီသတင်းက အရမ်းပေါက်ကွဲမလွယ်ပေဘူးလား။ တကယ်လို့ ဒီရိုက်ကူးရေးမှာသာ ဖုကျင်းရှောင်းအချစ်ရေးဆိုလိုက်ရင် ဒီနေ့live roomမပြောနဲ့ weiboတစ်ခုလုံးတောင် lackဖြစ်သွားနိုင်တယ်။ ကောင်းကျိုးလည်းသေချာပေါက်ရှိတာပေါ့။ အဲ့လိုမျိုးသာဖြစ်ခဲ့မယ်ဆိုရင် ဒီအစီအစဥ်က သေချာပေါက်နာမည်ကြီးသွားမှာပဲ။ တစ်နိုင်ငံလုံးပေါက်သွားတဲ့ထိလေ။
DU LIEST GERADE
အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီ
RomantikTitle - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်းတည်းမိတ်ဆက် - အစက ကိုယ့်ကိုယ်ကို အတုအယောင်သခင်လေးထင်နေတာ လက်စသတ်တော့ သခင်လေးအစစ်အမှန် ဖြစ်နေတာကိုး။...