Chapter - 14

16.7K 2.3K 38
                                    

Unicode

ဖုကျင်းရှောင်း၏ချီးမွမ်းမှု
_________________________

"တကယ်လို့သူမင်းကိုအနိုင်ကျင့်ရင် ငါ့ကိုလာတိုင်လို့ရတယ်"

ဒီရိုးရှင်းတဲ့စာကြောင်းလေးက ဂျန်ရှင်းဆွေ့ရဲ့နားထဲမှာ မန္တန်တစ်ခုလိုထပ်ခါတလဲလဲကြားနေရပြီး သူ့နှလုံးသားလေးကို လှုပ်ခတ်သွားစေခဲ့တယ်။

သူ မယုံနိုင်စွာနဲ့ခေါင်းမော့လိုက်တော့ ဖုကျင်းရှောင်းရဲ့မျက်နှာကိုတွေ့လိုက်ရတယ်။ သူနက်မှောင်နက်ရှိုင်းလှတဲ့မျက်လုံးတွေနဲ့ ထိုင်နေတာကိုတွေ့ရတယ်။ သူကြည့်နေတဲ့အချိန်မှာ သူကအဖိုးတန်တယ်လို့ခံစားလိုက်ရတယ်။

ဂျန်ရှင်းဆွေ့ကစိုးရိမ်နေတယ်။ သူကဖုကျင်းရှောင်း အထင်လွဲသွားမှာကြောက်တာကြောင့် ပြောလိုက်တယ် "ရှင်းချန်ကကျွန်တော့်ကို အနိုင်မကျင့်ပါဘူး လောင်ရှီးအဲ့ကိစ္စကို စိတ်ထဲမထားပါနဲ့ ကျွန်တော်တို့က စ,ပြီးပြောကြတာပါ သူ့အကျင့်ကိုလောင်ရှီးလဲသိတာပဲ တကယ်တော့ဘာမှ မကောင်းတဲ့အကျင့်မရှိပါဘူး အဲ့တာကြောင့် အဲ့ဒီလောင်ရှီးဝင်လာတုန်းက ကျွန်တော်ဘာမှမပြောတာပါ ဘာလို့ဆို....."

ဖုကျင်းရှောင်းကခေါင်းညိမ့်ပြီး နွေးထွေးစွာပြောတယ် "ငါသိတယ် ဘာလို့လဲဆိုတော့ ငါနဲ့သူနဲ့ရဲ့ဆက်ဆံရေးကို သက်ရောက်ပြီး ငါ့ကိုခက်ခဲစေမှာစိုးလို့မလား"

ဂျန်ရှင်းဆွေ့ကြောင်သွားတယ်။

သူဘာမှသေချာမပြောရသေးတာတောင် ဖုကျင်းရှောင်းက ဘာပြောချင်တာလဲဆိုတာ အကုန်နားလည်တယ်။

အဲ့ဒီခံစားချက်ကမိုက်တယ်။ ဂျန်မိသားစုဒါမှမဟုတ် အန်းရန်တို့ရှေ့မှာဆိုရင် သူဘယ်လောက်ပဲရှင်းပြရှင်းပြ ဘယ်သူမှသူ့ကိုမယုံကြဘူး။ ဘယ်သူမှလည်းသူ့စကားကိုပြီးအောင် ပြောခွင့်လည်းမပေးဘူး။

ဒါပေမဲ့ဖုကျင်းရှောင်းကတော့ ထိုင်ခုံပေါ်မှာငြိမ်သက်စွာထိုင်နေပြီး သူ့ရဲ့ထစ်အအနဲ့ရှင်းပြတာကို နားထောင်ပေးပြီး သူ့စိတ်ကိုလွယ်လွယ်ပဲ နားလည်ပေးနိုင်တယ်။ သူကများများစားစား ဘာမှရှင်းပြစရာမလိုလိုက်ဘူး။ တခြားတစ်ဘက်ကလည်းသူ့ကိုအထင်လွဲမသွားခဲ့ဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now