Chapter - 108 (Final)

12.6K 1.4K 89
                                    

Unicode 

ကိုယ့်ကိုလက်ထပ်ဖို့ဆန္ဒရှိလား
_________________________

ဒါက ချစ်ရသူရှေ့မှာ ဖုကျင်းရှောင်း အပြစ်ရှိသလိုခံစားမိတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။

ဒါပေမဲ့ ရုပ်ရှင်ဧကရာဇ်ကတော့ ရုပ်ရှင်ဧကရာဇ်ပဲဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ စိတ်ထဲမှာဘယ်လောက်ပဲ မတည်မငြိမ်ဖြစ်နေပါစေ၊ မျက်နှာမှာတော့ အလွန်အကြူးကြီး ပျက်ယွင်းမသွားလေဘူး။ သူအနည်းငယ်ကူရာမဲ့စွာနဲ့ ဖွဖွရယ်ကာပြောလိုက်တယ် "အင်း ကိုယ်ပြောချင်တာက ကိုယ်နဲ့အရမ်းမပြိုင်နဲ့လို့ပါ"

ရှန်ရှင်းဆွေ့ အသက်ရှူတောင် ကြပ်သွားရတယ် "ကော......"

ဖုကျင်းရှောင်း အိတ်ကပ်ထဲကနေ သော့ချိတ်တစ်ခု ထုတ်ယူလာတယ်။ အဲ့တာကလည်း ကာတွန်းပုံစံလေးဖြစ်တယ်။ ရှန်ရှင်းဆွေ့ရဲ့ chibi versionဖြစ်တယ်။ အလွန်ချစ်စရာကောင်းတဲ့ ဆံပင်အနက်ရောင်နဲ့ လူလေးဖြစ်တယ်။ ဘေးနားမှာလည်း ချစ်စရာကောင်းတဲ့ သီချင်းစာသားလေးရှိသေးတယ်။ ဘောပင်လေးကိုင်ထားပြီး ရေးဟန်ပြင်နေတာဖြစ်တယ်။ အဲဒီလူလေးက ကီးချိန်းလေးနဲ့အတူ တဝဲဝဲဖြစ်နေကာ ပေါက်ကွဲထွက်လောက်အောင် ချစ်စရာကောင်းလှတယ်။

ရှန်ရှင်းဆွေ့ အလွန်သံသယဖြစ်သွားမိလေတယ် "ဒါကကျွန်တော့်ဟာ?"

ဖုကျင်းရှောင်း ခေါင်းညိတ်လိုက်တယ်။

အဲဒီတော့မှ ဖုကျင်းရှောင်းက သူ့ရဲ့ရုပ်ပုံလေးတွေ စုဆောင်းနေတာဖြစ်နိုင်ကြောင်း ရှန်ရှင်းဆွေ့ သတိထားမိသွားရတယ်။ အနည်းငယ်လည်း ကူရာမဲ့မိသလို၊ အနည်းငယ်လေး စူးစမ်းမိလေတယ် "ကောတကယ်ကြီး အကုန်လုံးစုဆောင်းမိသွားပြီလား?"

ဖုကျင်းရှောင်း ခေါင်းညိတ်လိုက်တယ်။

ရှန်ရှင်းဆွေ့ ပျော်ရွှင်မိသလို အနည်းငယ်လည်း ကူရာမဲ့နေမိတယ်။ သူရေရွတ်လိုက်တယ် "ကျွန်တော် လူကိုယ်တိုင်တောင် ဒီမှာရှိနေပြီကို ဒီလောက်အများကြီးစုဆောင်းပြီးဘာလုပ်မှာလဲ?"

အရပ်လေးမျက်နှာက လမ်းတွေပေါ်မှာ ရှုပ်ထွေးစည်ကားနေလေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now