Chapter - 40.1

15.8K 2.3K 71
                                    

Unicode

ကျန်ရှင်းဆွေ့ကမှ မင်းရဲ့သားအစစ်နေမှာ
______________________________________

Weiboကဖုကျင်းရှောင်း မီးရှို့တာခံလိုက်ရသလိုပဲ။

အင်တာနက်သုံးစွဲသူတွေ အုံးအုံးကျက်ကျက်ဖြစ်သွားကြပြီး ကျန်ရှင်းဆွေ့ကိုယ်တိုင်တောင် ဒီnotiကိုမြင်လိုက်ရတဲ့အချိန်မှာ မယုံကြည်နိုင်ဘူးဖြစ်နေလေတယ်။ သူ့တစ်ကိုယ်လုံးမိုးကြိုးပစ်သွားသလို နေရာမှာပဲတောင့်တောင့်ကြီး ရပ်နေမိတော့တယ်။

ရှန်ရှင်းချန်က သူ့နားထဲမှာတဝူးဝူးနဲ့ ညဉ်းတွားလာတယ် "ဖုကော ဘယ်လိုလုပ်ပြီးဘက်လိုက်နိုင်ရတာလဲ သူကငါ့ကိုတောင်မfollowဘူး!"

နင်ဇယ်ကလည်း ပြုံးလိုက်လေတယ်။

သူကစကားအများကြီးမပြောတတ်ပေမဲ့ ကိစ္စတော်တော်များများကိုတော့ နားလည်လွယ်တယ်။ တကယ်တော့ဖုကျင်းရှောင်းက ကျန်ရှင်းဆွေ့အပေါ်ထူးခြားနေတာကို သူအစောကတည်းက သတိထားမိတယ်။ အဲတာကြောင့်ဒီနေ့ ဖုကျင်းရှောင်း ဒီကလေးကိုfollowလိုက်တဲ့အပေါ် သိပ်ပြီးမအံ့သြနေတော့ဘူး။

ကျန်ရှင်းဆွေ့ဖုန်းကိုင်ထားဆဲဖြစ်ကာ စိတ်လှုပ်ရှားလွန်းတာကြောင့် လက်တွေတောင်တုန်လို့နေတယ်။

ရှန်ရှင်းချန်လည်း သူ့မူမမှန်မှုကို သတိထားမိသွားပြီး "ညီအစ်ကို ငါမင်းကိုနားလည်ပေးလို့ရပါတယ် ဒါပေမဲ့မင်းဒီလောက်တောင် အံ့သြသွားတာလား?"

ကျန်ရှင်းဆွေ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေဆဲဖြစ်ကာ အခုထိသူ့ခံစားချက်ကို နားမလည်နိုင်သေးဘူးဖြစ်နေတယ်။ အရင်တုန်းကသူက အထီးကျန်ပြီးလူမသိတဲ့ ဖန်လေးတစ်ယောက်ပဲဖြစ်ကာ ဖုကျင်းရှောင်းရဲ့Weiboမှာ ခြေရာလေးတွေချန်ခဲ့ပြီး အိုင်ဒေါကိုတိတ်တဆိတ်အားပေးနေခဲ့တယ်။ သူလုံးဝမထင်ထားတာက တစ်နေ့မှ သူ့Weiboကို ဖုကျင်းရှောင်းပြန်ပြီးfollowလာလိမ့်မယ်လို့ပေါ့။

ရှန်ရှင်းချန်အသံက နားဘေးမှာရှိနေတုန်းပဲ "မင်းအ,သွားတာလား?"

ကျန်ရှင်းဆွေ့စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး အတွေးထဲကနေထွက်လာတော့တယ်။ သူခေါင်းမော့လိုက်တာနဲ့ နီရဲနေတဲ့မျက်ဝန်းတွေက ရှန်ရှင်းချန်နဲ့အကြည့်ဆုံသွားရတော့တယ်။ ရှန်ရှင်းချန်က မဆုံးဖြတ်နိုင်ဖြစ်ကာ "ဘာဖြစ်လို့လဲ မင်းဝမ်းနည်းနေတုန်းလား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now