Chapter - 87.2

11.9K 1.6K 66
                                    

Unicode

အန်းရန်ဆုံးဖြတ်ခဲ့တဲ့ပူးပေါင်းကြံစည်မှု
___________________________________

ရက်အနည်းငယ်ကြာပြီးနောက် ပြိုင်ပွဲနေရာကို ရှန်ရှင်းဆွေ့ ရောက်လာခဲ့တယ်။

သူ့ကိုသံသယဖြစ်သွားစေတာကတော့ ဒီနေရာမှာ ရင်းနှီးတဲ့သူတွေနဲ့ တွေ့လိုက်ရတာပဲ။ ပြီးတော့ မမြင်ချင်ဆုံး ရင်းနှီးတဲ့သူတွေ... အန်းရန်၊ ကျန်းချီ။

အန်းရန်သူ့ကိုမြင်တဲ့အချိန်မှာလဲ ကြောင်အသွားခဲ့တယ်။ ဒါပေမဲ့လည်း လှမ်းနှုတ်ဆက်လိုက်ဆဲဖြစ်တယ် "ဆွေ့ဆွေ့ တိုက်ဆိုင်လိုက်တာ"

ရှန်ရှင်းဆွေ့ ခေါင်းသာညိတ်ပြလိုက်ပြီး စကားမပြောခဲ့တော့ဘူး။

အန်းရန်ကို သူတတ်နိုင်သမျှ ရှောင်တယ်။ ရှောင်မရတော့ရင်တော့ အကွာအဝေးတစ်ခု ခြားထားလေတယ်။ ဒီဇာတ်လိုက်shouက ကမ္ဘာကြီးရဲ့ကာကွယ်မှုကို ရရှိထားတာဖြစ်ပြီး သူကတော့ အမြှောက်စာခံသာသာဖြစ်တာကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်တော်လေဘူး။

အန်းရန်ကတော့ သူ့အနားတိုးကပ်လာလေတယ် "ဆွေ့ဆွေ့ ဒီမှာမင်းနဲ့တွေ့ရလိမ့်မယ်လို့ ငါမထင်ထားမိဘူး မင်းလည်း အင်တာဗျူးလာပြိုင်တာလား ဟူလောင်ရှီးက တော်တော်တင်းကျပ်တယ်လို့ကြားတယ် စိတ်အရမ်းလှုပ်ရှားတာပဲ မင်းရောစိတ်မလှုပ်ရှားဘူးလား?"

သူ့တစ်ကိုယ်လုံးမှာ ရိုးရှင်းတဲ့အဝတ်အစားတွေကိုပဲ ဝတ်ဆင်ထားတာဖြစ်ပြီး အဝတ်အစားကို ခေါက်ထားတာကတောင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်တယ်။ သေသေချာချာ ရေမိုးချိုးပြီးတော့မှ လာခဲ့ပုံရတယ်။ ဒီအင်တာဗျူးအတွက် သူအများကြီးပြင်ဆင်ခဲ့တယ်ဆိုတာ သိသာလှတယ်။

ရှန်ရှင်းဆွေ့ပြောလိုက်တယ် "အကောင်းဆုံးလုပ်နိုင်ခဲ့ရင်ရပါပြီ"

သူ့ရဲ့အလေးနက် မထားတာကိုမြင်တော့ အန်းရန်ဆက်ပြီး မနှောင့်ယှက်လေတော့ဘူး။

ဘေးနားက ကျန်းချီကတော့ ပြောလာလေတယ် "ဆွေ့ဆွေ့ မင်းနဲ့ဒီမှာတွေ့နိုင်တာ တကယ့်ကိုရေစက်ပါတာပဲ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now