Chapter - 23

15K 2.2K 117
                                    

Unicode

သွေးအမျိုးအစားမတူညီခြင်း
__________________

ကျန်ရှင်းဆွေ့က ပြောလိုက်တယ် "ဘာမှမဟုတ်ရင်လည်း မင်းငါ့ကိုကူဖြည့်ပေးပါအုန်း ငါပြန်သွားပြီးပေးရအုန်းမှာမလို့"

"အော..." အန်းရန်ရဲ့စိတ်ကပိုလို့တောင် ရှုပ်ထွေးလာတော့တယ်။ သူကမရဲတရဲနဲ့ "အဲ့တာဆိုအဖေနဲ့အမေ...အောမဟုတ် ဦးလေးနဲ့အန်တီက ငါတို့ဒီကိုလာမှာလား?"

ကျန်ရှင်းဆွေ့မသေချာဘူး။ သူက "လာလောက်ပါတယ်"

အန်းရန်ကရယ်လိုက်ကာ "အဲ့တာဆိုကောင်းတာပေါ့ မတွေ့ရတာတောင်ကြာနေပြီ လွမ်းနေလောက်ပြီပေါ့"

ကျန်ရှင်းဆွေ့စဥ်းစားကြည့်လိုက်တယ်။ သူတို့လွမ်းနေတာ မင်းကိုပဲဖြစ်မှာပါ။ လာတွေ့မတွေ့ကတော့ ငါလည်းမသေချာဘူး။

ဒါပေမဲ့ဒီလိုကိစ္စမျိုးက မဖြစ်မနေထုတ်ပြောစရာမလိုဘူးလေ။ အဲ့တာကြောင့် တိတ်တဆိတ်ပဲ ပြုံးနေလိုက်ပြီးတော့ အန်းရန်ဖောင်ဖြည့်ပေးနေတာကို စောင့်နေလိုက်တယ်။ သူပြီးသွားတော့ အနားသွားကာ တစ်ခွန်းပြောလိုက်တယ် "ရှဲ့ရှဲ့"

သူသွားတော့မဲ့အချိန်မှာ အနောက်ကအန်းရန်က "ခဏနေအုံး!"

ကျန်ရှင်းဆွေ့က နောက်လှည့်ပြီး သူ့ကိုကြည့်လိုက်တယ်။

အန်းရန်ကအဲ့မှာပဲရပ်နေပြီးတော့ အနည်းငယ်ရှုပ်ထွေးစွာနဲ့ နောက်ဆုံးတော့ပြောလာခဲ့တယ် "ကျန်ကော နောက်နှစ်ရက်လောက်နေရင် ပါပါးနဲ့ကောကောတို့လည်း ငါ့ကိုလာကြည့်လောက်တယ် မင်းတို့..."

ကျန်ရှင်းဆွေ့ကမူလနေရာမှာပဲ ရပ်နေလေတယ်။

အရင်ကတော်တော်လေးနာကျင်ခဲ့ရရင် ခန္ဓာကိုယ်ကပါမှတ်မိနေတော့မှာဖြစ်တယ်။ အန်းရန်ဒီစကားကိုပြောလိုက်တဲ့အချိန်မှာ သူ့ရဲ့နှလုံးသားကအမှတ်မထင်နဲ့ နာကျင်သွားရတော့တယ်။ ဦးနှောက်ထဲမှာ ကျန်သားအဖနဲ့ပတ်သတ်နဲ့ မှတ်ဉာဏ်တွေက အဲ့နေ့ကဟာတွေပဲကျန်ခဲ့တော့တယ်။ သူ့အခန်းထဲမှာရပ်နေခဲ့တဲ့အချိန် အဲ့ဒီ့အေးစက်လှတဲ့စကားလုံးတွေ ပြီးတော့ သူ့ဆီကိုပစ်ပေးလိုက်တဲ့အဲ့ဒီ့ကတ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now