Chapter - 40.2

16K 2.4K 161
                                    

Unicode

ကျန်ရှင်းဆွေ့ကမှ မင်းရဲ့သားအစစ်နေမှာ
______________________________________

တကယ်ပဲ သူအလေးနက်ထားတာနဲ့ အလေးပေးမှုက မလုံလောက်လို့များလား?

သူ့မှာဒုတိယအကြိမ်အခွင့်အရေးရှိလိမ့်မယ်လို့ ကျန်ရှင်းဆွေ့မထင်ထားမိဘူး။ သူခရီးဆောင်အိတ်ကို ဘေးမှာထားလိုက်ပြီးတော့ မသိလိုက်ပါသာနဲ့ လက်တွေကိုဆုပ်ထားမိလိုက်တယ်။ ပြီးတော့ ဖုကျင်းရှောင်းကို အလေးနက်ထားဦးညွတ်ကာ အနည်းငယ်တုံယင်နေတဲ့အသံနဲ့ "ဒီသုံးလအတွင်းမှာ ကျွန်တော့ကိုစောင့်ရှောက်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ကျွန်တော်တစ်သက်လုံး လောင်ရှီးရဲ့ကျေးဇူးကို မမေ့ပါဘူး!"

".........."

ဖုကျင်းရှောင်း မကြုံစဖူး တိတ်ဆိတ်သွားရတော့တယ်။

သူအစကဒီသူငယ်ချင်းလေးကိုစနောက်ပြီး ချီးမွမ်းစကားလေးနှစ်ကြောင်းလောက်ကြားချင်ရုံပါ။ ဒီကလေးကအရမ်းရိုးသားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ဆရာကိုရက်တစ်ရာကျေးဇူးတင်နေသလိုပဲ။ ဒီလိုအမူအရာနဲ့ နောက်တစ်စက္ကန့်လောက်နေရင် ခေါင်းနှစ်လုံးတောင်တိုက်မိနိုင်ချေရှိတယ်။

ဖုကျင်းရှောင်း ရယ်သင့်လား ငိုသင့်လားမသိ ဖြစ်နေပြီးတော့မှာ "တကယ်ကိုယ့်ကို အဲလောက်ကျေးဇူးတင်တာလား?"

ကျန်ရှင်းဆွေ့ခေါင်းညိတ်ပြလိုက်တယ်။ သူ့မျက်လုံးတွေကကြည်လင်နေပြီး အပြစ်ကင်းစင်နေတယ်။ သူလူတစ်ယောက်ကိုကြည့်လိုက်တဲ့အချိန်မှာ ခံစားချက်အားလုံးက မျက်နှာပေါ်မှာပေါ်နေလေတယ်။ သူကစကားကိုကောင်းအောင် မပြောတတ်ပေမဲ့ သူ့ရိုးသားမှုတွေက အမြဲတမ်းလူတွေကို သူ့ခံစားချက်တွေနဲ့ ရင်ဆိုင်နိုင်စေတယ်။

ဒီလိုတစ်ခဏမှ ဖုကျင်းရှောင်းရုတ်တရက် တစ်ခုကိုနားလည်သွားတော့တယ်။ သူ့အကြည့်တွေက ဘာလို့ကျန်ရှင်းဆွေ့ကိုယ်ပေါ်ပဲ ရောက်ရောက်သွားရလဲလို့ပေါ့။ အနုပညာလောကထဲ နေတာကြာလာပြီး သူ့လိုဖြူစင်တဲ့ကလေးမျိုး မတွေ့တာကြာသွားလို့ဖြစ်နိုင်ပါရဲ့။ ထပ်ပြီးဖြစ်နိုင်သေးတာက အစကတည်းကအမှောင်ထဲကသူက မသိလိုက်ပါသာနဲ့ အမြဲတမ်းအလင်းတွေရှိနေတဲ့ နေရာလေးကိုပဲကြည့်နေမိတာကြောင့်လည်း ဖြစ်နိုင်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now