Chapter - 8

15.6K 2.6K 124
                                    

Unicode

နောက်ကျရင်ငါမင်းကိုကာကွယ်ပေးမယ်
____________________________

အခုအခြေအနေကိုပြောရမယ်ဆိုရင် အကုန်လုံးက ကျိုးရွှင်ကိုပြဿနာရှာနေတယ်လို့မြင်နေကြပြီ။

ကျိုးရွှင်ကဂျန်ရှင်းဆွေ့ကိုမယုံနိုင်စွာကြည့်နေတယ်။ ပြီးတော့ အန်းရန်ကိုလည်းထပ်ပြီးကြည့်လိုက်တယ်။ သူအကြောင်းမရှိပဲသက်သက် အကန်ခံလိုက်ရတာကို ပေါက်ကွဲပစ်လိုက်ချင်တယ်။ အထူးသဖြင့် သူလိုက်နေတဲ့သူရှေ့မှာ မျက်နှာပျက်ရတာကိုပေါ့။ ဒါပေမဲ့ သူ့ကိုရှန်ရှင်းချန်ကိုသွားရိုက်ခိုင်းရင်တောင်......မရိုက်ရဲဘူး။

သူတို့ကျိုးမိသားစုက ဘယ်လောက်ပဲချမ်းသာတယ်ပြောပြော ရှန်မိသားစုရဲ့နောက်ခံကိုတော့မယှဉ်နိုင်ဘူး။ ပြီးတော့သူကလည်း ပထမဆုံးနေ့မှာတင် ဆိုးဝါးတဲ့ရန်သူမဖြစ်ချင်ပါဘူးနော်။

ရှန်ရှင်းချန်က သူ့ကိုကန်ပြီးသွားတော့မှကတ်တစ်ခုကိုထုတ်လိုက်ပြီးတော့ "ငါစောနကပဲဒီဟာကို မတော်တဆကောက်ရတာ ဘယ်သူကျပျောက်ခဲ့တာလဲ?"

အန်းရန်ကမျက်လုံးလက်ကနဲဖြစ်သွားပြီးတော့ သူ့ရဲ့ဖြူဖွေးပြီးလှပတဲ့လက်လေးကို ဆန့်ထုတ်လိုက်တယ်။ သနားစရာကောင်းတဲ့ပုံစံနဲ့ ရှန်ရှင်းချန်ကိုကြည့်လိုက်ပြီးတော့ "ကျွန့်တော်ကျခဲ့တာပါ"

တကယ်လို့အလယ်ပိုင်းမှာ ဒီဇာတ်ကွက်တစ်ခုသာမရှိရင် ကတ်ပျောက်သွားတဲ့ လှပတဲ့ကောင်ငယ်လေးနဲ့ ကတ်ကိုကောက်ရထားတဲ့ ချောမောတဲ့ကောင်လေး။ အဲ့ဒါကလုံးဝကိုလှပလွန်းတဲ့ ဇာတ်ကွက်ဖြစ်မှာပဲ။ ဒါပေမဲ့ အလယ်ကဒီဇာတ်ကွက်ကြောင့် ခံစားချက်ကလုံးဝကွဲပြားသွားတော့တယ်။

ရှန်ရှင်းချန်က 'ဟင်း'လို့ သက်ပြင်းချလိုက်ပြီးတော့ ကတ်ကိုအန်းရန်ဆီပြန်ပေးလိုက်တယ် "ကတ်ပျောက်သွားတာမင်းလား?"

အန်းရန်ကလက်ခံလိုက်ပြီးတော့ နူးညံ့စွာခေါင်းငြိမ့်ပြတယ်။

"အဲ့တာဆို သန့်စင်ခန်းထဲဝင်မရှာပဲနဲ့ အပြင်မှာဘာကိစ္စ ဆူညံအောင်လုပ်နေတာလဲ?" ရှန်ရှင်းချန်ကနားမလည်နိုင်တဲ့ပုံစံနဲ့ "သူ့ကိုသွားစွပ်စွဲနေတဲ့အပြင် ငါ့ကတ်ကိုလည်းလုချင်နေသေးတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now