Chapter - 89.2

9.7K 1.6K 81
                                    

Unicode

ပါပါရာဇီတွေရဲ့ဓာတ်ပုံ
_____________________
ရှန်ရှင်းဆွေ့ ပြတင်းပေါက်နားသွားကာ ဖုန်းကိုင်လိုက်တယ် "ဘာဖြစ်လို့လဲ?"

"ဘယ်လိုလုပ်ပြီး မပြန်ရသေးတာလဲ?" ဖုကျင်းရှောင်းရဲ့အသံက ဖုန်းတစ်ဖက်ကနေ ခပ်နိမ့်နိမ့်ထွက်ပေါ်လာခဲ့တယ် "အတော်လေးတောင် နောက်ကျနေပြီကို"

သူ့ကို ဖုကျင်းရှောင်းသတိရနေလိမ့်ဦးမယ်လို့ ရှန်ရှင်းဆွေ့မထင်ထားမိဘူး။ သူအမှန်တိုင်းပဲ ပြန်ဖြေလိုက်တယ် "ဒီနေ့ မိုးတွေ အရမ်းသည်းကြီးမည်းကြီးရွာနေတော့ ကားသမားနဲ့လက်ထောက်ကို တောင်ပေါ်တက်လာခိုင်းရင် အရမ်းအန္တရာယ်များတယ်လေ အဲ့တာကြောင့် မပြန်တော့ဘဲ ဧည့်သည်အခန်းမှာပဲ နေလိုက်တော့မလို့"

ဖုကျင်းရှောင်း မျက်မှောင်ကြုတ်လိုက်တယ် "မင်းတစ်ယောက်တည်းလား"

ရှန်ရှင်းဆွေ့ ပြန်ဖြေလိုက်တယ် "မဟုတ်ဘူး ကျန်းချီလည်းရှိတယ်"

ကျန်းချီဆိုတဲ့ နာမည်ကိုကြားချိန်မှာ ဖုကျင်းရှောင်းရဲ့ မျက်မှောင်က ပိုလို့တောင် နက်ရှိုင်းသွားတော့တယ်။ အပြင်ဘက်မှာ မိုးတွေတဝေါဝေါနဲ့ကျနေလေတယ်။ သူလည်း ဘေးကင်းဖို့ကို သေချာပေါက် စဥ်းစားတာပေါ့။ ရှန်ရှင်းဆွေ့ကို စွန့်စားပြီး တောင်အောက်ဆင်းခိုင်းဖို့ကလည်း အကောင်းဆုံးသော ရွေးချယ်မှုမဟုတ်ဘူး။

ဖုကျင်းရှောင်း သတိပေးလိုက်တယ် "ကျန်းချီနဲ့ အရမ်းမနေနဲ့ တိုက်ခန်းကို စောစောပြန်နော်"

ရှန်ရှင်းဆွေ့ ရယ်ရခက် ငိုရခက် ဖြစ်သွားရတယ်။ သူက ရုပ်ရှင်ဧကရာဇ်ဖုရဲ့မျက်လုံးထဲမှာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တဲ့ပုံလိုပဲ။ "သိပါပြီ ကျွန်တော်ညစာစားပြီးတာနဲ့ အိမ်အပေါ်တက်တော့မှာ ကောစိတ်ချပါ အဲ့အချိန်ကျရင် ကျွန်တော်ဖုန်းပြန်ဆက်လိုက်ပါမယ်"

ဖုကျင်းရှောင်း ခေါင်းညိတ်လိုက်တယ် "အင်း"

ဖုကျင်းရှောင်းရဲ့ ဖုန်းတစ်ဖက်က မိုးရွာသံကို ရှန်ရှင်းဆွေ့ ကြားလိုက်မိတယ်။ အဲဒါအပြင် သူ့ဘက်မှာလည်း မိုးရွာနေခဲ့တယ်။ လွမ်းဆွတ်မှုတွေက ရင်ထဲမှာ ပေါ်ပေါက်လာခဲ့တယ်။ သူတို့မတွေ့ရတာ တစ်လလောက်တောင် ရှိတော့မယ်။ တွေ့ရတဲ့အချိန်တိုင်းကလည်း အရမ်းတိုတောင်းလွန်းတယ်။ ခွဲခွာရတဲ့အချိန်ကတော့ ဒီလောက်တောင် ရှည်ကြာလှတယ်။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့အကွာအဝေးကလည်း ဖုန်းတစ်ချက်ဆက်ရုံနဲ့ တွေ့နိုင်မဲ့အကွာအဝေးမျိုး မဟုတ်ဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now