Chapter - 3

17.7K 2.4K 85
                                    

Unicode
ကျွန်တော်က အစ်ကိုဖုရဲ့ အမာခံပရိသတ်ပါ
____________________________________
သူအခန်းထဲဝင်လိုက်ပြီးတော့ အနားယူဖို့ အိပ်ရာရဲ့ဘေးမှာ ထိုင်လိုက်တယ်။

အိပ်ရာဘေးမှာထိုင်နေတုန်း မတော်တဆ သူ့ရဲ့အနာကိုထိမိလိုက်တယ်။ အင်္ကျီလက်ကို လှန်လိုက်တဲ့ အချိန်မှာတော့ ခြစ်ရာတွေအများကြီးကိုတွေ့လိုက်ရတယ်။ အဲ့ဒီခြစ်ရာတွေက သူ အတွန်းခံလိုက်ရပြီး လဲကျသွားတဲ့အချိန်မှာ ရခဲ့တာတွေဖြစ်တယ်။ သေချာတာပေါ့။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဇာတ်လိုက်ကြီးအန်းရန် ကိုယ်တိုင်တွန်းလိုက်တာတော့ ဘယ်ဟုတ်မလဲ။ ကင်းလှည့်နေတဲ့ အစောင့်တစ်ယောက်က တွန်းလိုက်တဲ့ အချိန်မှာ ကျွန်တော်လဲသွားတာဖြစ်တယ်။

လူတိုင်းကပြောကြတယ် အန်းရန်က ရိုးစင်းပြီး ကြင်နာတတ်တယ်တဲ့။ ကျွန်တော်ကတော့အဲ့လိုမထင်ဘူး။ အန်းရန်ကိုယ်တိုင် ကျွန်တော်ကိုလာရှာပြီး သူ့ကိုရန်လုပ်မိအောင်  တမင်သက်သက် လာပြီးစော်ကားတာ။ လုံခြုံရေးအစောင့်လာတဲ့ အချိန်နဲ့ကိုက်ပြီး ဒဏ်ရာရအောင်လုပ်တယ်။ ပြီးတော့ အောင်မြင်စွာပဲ အားနည်းပြီး အနိုင်ကျင့်ခံနေရတဲ့ ပုံစံဖြစ်အောင်လုပ်သွားတာ။ ထင်ရှားစွာပဲ သူ့မှာဒဏ်ရာရှိမနေဘူး။ ဒါပေမဲ့ တခြားသူတွေက ကျွန်တော်ကပဲ မှားပြီးတော့ ကျွန်တော်ကပဲအနိုင်ကျင့်နေတယ် လို့မြင်သွားကြတယ်။ သူတို့မျက်လုံးထဲမှာ ကျွန်တော်ကအပြစ်အရှိဆုံးသောသူပဲ။

ဂျန်ရှင်းဆွေ့ဒဏ်ရာကို သတိမမူမိပဲဆိတ်နေပြီးတော့ လေကိုရှိုက်လိုက်ရင်း "ဟင်း..."

အဲ့တာက နာတယ်......

ဒီလိုမှန်းသိရင် ညနေက ဆေးသွားဝယ်ပါတယ်။

ဒီအိမ်မှာ ပိုးသတ်ဆေးတွေ ဘာတွေများရှိမလား မသိဘူး။ ဒါမှမဟုတ် ကိုယ့်ပါသာကိုယ်ပဲ ထွက်ဝယ်လိုက်ရမလား။

ဂျန်ရှင်းဆွေ့ အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဟိုလင်မယားနှစ်ယောက်ကိုတော့ မတွေ့မိဘူး။ နှုတ်မဆက်ချင်တာနဲ့ အတော်ပဲပေါ့။ ဒါပေမဲ့ ဒီအချိန်က တော်တော်များများ အလုပ်ဆင်းတဲ့အချိန်ဖြစ်တယ်။ ကျွန်တော် လင်မယားနှစ်ယောက်ရဲ့ ဆိုင်ထဲကနေ ထွက်လာတာမြင်တဲ့အခါ သူတို့တွေက ကြည့်တော့ကိုကြည့်ပြီး အသံတိုးတိုးလေးနဲ့ ပြောနေကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now