Chapter - 55.1

15.3K 2.2K 159
                                    

Unicode

နေရာပြောင်းပြီးငိုပါလား
______________________

ရှန်ရှင်းဆွေ့ ပြန်မေးလိုက်တဲ့အချိန်မှာ အနည်းငယ်ကြောင်အနေခဲ့တယ်။

ဖုကျင်းရှောင်းက သူကြောင်အနေတဲ့ပုံစံကိုကြည့်လိုက်တယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်နှာကိုစောင်းပြီး သူ့ကိုကြည့်နေခဲ့တယ်။ ဖြူဖွေးတဲ့မျက်နှာက နေရောင်အောက်မှာ အနည်းငယ်အနီရောင်သန်းလျက်ရှိတယ်။ စကားပြောနေတာကြောင့် အနေအထားကပိုနီးကပ်နေကာ အကာအကွယ်မဲ့နေတဲ့ပုံစံလေးက ဖြူစင်သန့်ရှင်းပြီး တန်းစားလို့ရမဲ့ယုန်ငယ်လေးလိုပဲ ရယ်ချင်စရာကောင်းသလို ချစ်ဖို့လည်းကောင်းလှတယ်။

အခုသူဘာပြောနေတာလဲဆိုတာတောင်မသိသေးဘူး။

ဖုကျင်းရှောင်း သူ့ရဲ့နုံအအပုံစံလေးကိုကြည့်ရင်း စိတ်ထဲကမပျော်ရွှင်မှုတွေ ကွယ်ပျောက်သွားရကာ နှုတ်ခမ်းလေးကိုတွန့်ကွေးလိုက်တယ်။ ထို့နောက်စာရွက်ကိုပြန်ကိုင်လိုက်ကာ "ခဏနေလို့ လယ်ယာထွက်ပစ္စည်းတွေရောင်းတဲ့စျေးရောက်ရင် ကိုယ်ဘာပဲပြောပြော မင်းလုံးဝအသံမထွက်နဲ့"

ရှန်ရှင်းဆွေ့ခေါင်းညိတ်ပြလိုက်တယ်။

ဖုကျင်းရှောင်း အနည်းငယ်အံ့အားသင့်သွားပြီး "ဘာလို့လဲလို့မမေးဘူးလား?"

ရှန်ရှင်းဆွေ့သူ့ကိုကြည့်လာခဲ့ပြီး နွေးထွေးတဲ့မျက်ဝန်းတွေထဲက ပေါ့ပေါ့ပါးပါးအပြုံးတွေက တောက်ပနေခဲ့တယ်။ သူကအသံတိုးတိုးနဲ့ "မေးစရာမလိုပါဘူး ဘာလို့ဆိုကျွန်တော်လောင်ရှီးကိုယုံကြည်လို့လေ"

ဖုကျင်းရှောင်းရဲ့နက်မှောင်တဲ့မျက်ဝန်းတွေ အနည်းငယ်လှုပ်ရှားသွားရတယ်။

သူ့ဘဝတစ်လျှောက်မှာ ကိစ္စတွေအများကြီးကို အောင်မြင်အောင်လုပ်ခဲ့ဖူးတယ်။ ကုမ္ပဏီရဲ့မဏ္ဍိုင်အဖြစ်၊ မိသားစုရဲ့အမွေဆက်ခံသူအဖြစ်၊ ဖန်တွေရဲ့အိုင်ဒေါအဖြစ်။ များလှစွာသောအာရုံစိုက်ခြင်းကို သူခံရင်ခံခဲ့ဖူးမယ်။ တစ်ချိန်တုန်းကသူဟာ လူပေါင်းများစွာရဲ့ မြင့်မားတဲ့အိပ်မက် ဖြစ်ရင်ဖြစ်ခဲ့ဖူးမယ်။ ဒါပေမဲ့ ဘယ်တုန်းကမှအခုလိုမျိုး ဘေးနားကလူက သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် မတုန်လှုပ်စေခဲ့ဖူးဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now