Chapter - 31.2

14.5K 2.2K 237
                                    

Unicode

အန်းရန်မင်းပြောင်းလဲသွားပြီ
___________________________

ကျန်ရှင်းဆွေ့ကလက်ထောင်လိုက်ပြီး "ငါလည်း ခေါင်းဆောင်အရွေးခံချင်တယ်"

အားလုံးရဲ့အကြည့်တွေက သူ့ဆီရောက်လာကြတယ်။

ကျန်ရှင်းဆွေ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သတ္တိရှိစွာ ကိုယ့်ကိုယ်ကိုထုတ်ဖော်ပြောလာတယ် "ငါ့မှာသီချင်းရေးဖူးတဲ့ အတွေ့အကြုံရှိတယ် အားလုံးငါ့ကိုယုံပေးကြပါ ငါ့ကိုအခွင့်အရေးတစ်ခါလောက်ပေးပါ"

လီရွှိအန်းက သူ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်နေပြီး ရယ်လိုက်ကာ "ငါတို့မှာအကုန် အတွေ့အကြုံရှိတယ်လေ ရှောင်ကျန်"

ကျန်ရှင်းဆွေ့လည်း တွန့်ဆုတ်သွားတော့တယ်။

​ဘေးနားကအန်းရန်က ကျန်ရှင်းဆွေ့အရွေးခံချင်နေတာမြင်တော့ ပြောလာတယ် "ဆွေ့ဆွေ့ ရွှိအန်းကောကောက အတွေ့အကြုံတော်တော်များများရှိတယ် သူလည်းသီချင်းတွေအများကြီးရေးဖူးတာပဲ ပြီးတော့ မင်းဘွဲ့ရတာ ဘယ်လောက်မှ မကြာသေးဘူးမလား? ရွှိအန်းကောကောက အတွေ့အကြုံလည်း မင်းထက်နည်းနည်းတော့ ပိုများမှာပဲလေ"

ကျန်ရှင်းဆွေ့က လက်မလျော့သေးဘဲ "ငါကဘွဲ့ရတာမကြာသေးပေမဲ့ တခြားသူတွေထက် နောက်ကျမနေပါဘူး....."

ကျိုးရွှင်ကအဲ့တာကို ကြားလိုက်တော့ လှောင်ရယ်လာတယ်။ တမင်တကာ ပြဿနာရှာသလိုမျိုးနဲ့ "မင်းဒီလိုသာပြောကြေးဆို မင်းနဲ့ရွှိအန်းကောက တစ်ရက်အတွင်းမှာတောင် သီချင်းရေးနိုင်တာပဲ ငါတို့အဲ့တာကိုပဲ မဲပေးကြရင်ရပြီမဟုတ်ဘူးလား"

ကျန်ရှင်းဆွေ့သိတယ်။ ကျိုးရွှင်၊အန်းရန်နဲ့ ကျန်တဲ့နှစ်ယောက်လုံးက ရင်နှီးပြီးသားတွေဆိုတာကို။

သူတို့က ကိုယ့်ကိုမဲပေးကြမှာမဟုတ်ဘူး။

ဒါပေမဲ့ ဒါကလည်းသူ့ရဲ့ နောက်ဆုံးအခွင့်အရေးဖြစ်နေတယ်။ သူ့မှာရွေးချယ်စရာမရှိဘူး ခေါင်းငြိမ့်ရုံပဲတတ်နိုင်တယ် "ကောင်းပြီ"

လီရွှိအန်းအတွက်ခက်ခဲသွားတော့တယ်။ သူကသီချင်းဖန်တီးတဲ့နေရာမှာ အရမ်းတော်နေတာမျိုးမဟုတ်ဘူး။ အရင်ကရေးခဲ့တာတွေက လက်ငှားနဲ့ရေးခဲ့တာတွေဖြစ်တယ်။ သူဒီတစ်ခေါက်မှာ သူအသင်းခေါင်းဆောင်အဖြစ်အရွေးခံဖို့ အစောထဲက အစီစဥ်ချထားပြီးသားဖြစ်တယ်။ အဲ့အချိန်ကျရင် မန်နေဂျာကိုအပြင်ကနေတစ်ပုဒ်ရေးပြီး ယူလာခိုင်းလိုက်မယ်။ အဲ့တာဆိုသူကပါရမီရှင်ဆိုတာနဲ့ ဂီတပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်ပါရနိုင်သေးတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now