Extra - 5

5.3K 758 55
                                    

Unicode 

ရှေးဘဝရေစက်
_______________

ရှန်ရှင်းဆွေ့က ရှန်မိသားစုရဲ့ တတိယမြောက်သားဖြစ်တယ်။

သူမွေးတဲ့နှစ်တုန်းက သူ့အကြီးဆုံးအစ်ကိုက ၁၀နှစ်ဖြစ်တယ်။ ဒုတိယအစ်ကိုက ၅နှစ်ဖြစ်ပြီး သူကအိမ်မှာ အငယ်ဆုံးကလေးဖြစ်တယ်။ သူ့ကိုကိုယ်ဝန်လွယ်တဲ့အချိန်တုန်းက အမေက ကျန်းမာရေးသိပ်မကောင်းလှဘူး။ အဲ့တာကြောင့် မွေးဖွားလာတဲ့ကလေးကလည်း အလွန်အားနည်းလွန်းလှတယ်။ ငယ်ငယ်ကဆို တစ်ချိန်လုံး အနွေးထိန်းခန်းထဲမှာ နေခဲ့ရတာ။ နောက်ပိုင်း အသက်ကြီးလာလို့ စကားပြောတတ်စအရွယ်မှာလည်း ခန္ဓာကိုယ်က သာမန်ကလေးတွေထက် အများကြီးပိုပြီး ကိုယ်ခံအားနည်းလှတယ်။

ဒီကလေးကိုမွေးတဲ့အချိန်တုန်းက ချန်သခင်မက အောင်အောင်မြင်မြင် မမွေးဖွားနိုင်လုနီးပါး ဖြစ်သွားရလေတယ်။ အဲ့လိုနဲ့ ဒီကလေးကလည်း ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရလေတယ်။ အဲ့တာကြောင့် တစ်အိမ်သားလုံးက အလွန်ချစ်ခင်ကြလေတယ်။ အဲဒီမာနကြီး အနိုင်ယူတတ်တဲ့ သခင်ငယ်လေး ရှန်ရှင်းချန်တောင် ဒီရှောင်တိတိလေးကို အလွန်ချစ်ခင်နှစ်သက်လေတယ်။

ရှန်မင်လောင်က အမြဲတမ်း ဆူပူကြိမ်းမောင်းလေ့ရှိတယ် "ရှင်းချန် ဆွေ့ဆွေ့ကို မြင်းစီးတဲ့ကစားနည်းကစားဖို့ ခေါ်ခေါ်မသွားနဲ့တော့ မင်းကြောင့်နဲ့ သူလဲလဲလာတာ ဘယ်နှခါတောင် ရှိနေပြီလဲ"

"ဒါပေမဲ့ သူကစားရတာကြိုက်တယ်လေ!" ရှန်ရှင်းချန် ခုခံပြောဆိုလေတယ် "ကောကြည့်လေ သူဘယ်လောက်တောင် ပျော်ပျော်ရွှင်ရွှင် ပြုံးနေလဲဆိုတာ!"

ရှန်မင်လောင် ရှန်ရှင်းချန်ကျောပေါ်က ဘာမှစဥ်းစဥ်းစားစားမရှိဘဲ ပျော်ပျော်ရွှင်ရွှင်ရယ်မောနေတဲ့ တိတိလေးကို ကြည့်လိုက်မိတယ်။ ဒါပေမဲ့ နောက်တစက္ကန့်လောက်နေတော့ ကောကောရဲ့ လှုပ်ရှားမှုပြင်းထန်လွန်းသွားတာကြောင့် ကျောပေါ်ကနေ ပြုတ်ကျသွားတော့တယ်။ အခန်းတွင်းလေထုက တစ်ခဏလောက် တိတ်ဆိတ်သွားလေတယ်။ တစ်ဆက်တည်းမှာပဲ ကလေးရဲ့ အော်ဟစ်ငိုယိုတဲ့အသံက တစ်ခန်းလုံးကို ပျံ့နှံ့သွားတော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now