Chapter - 73.2

13.5K 2.1K 189
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ဖုက အကြွင်းမဲ့စစ်သည်တော်
_______________________________________

ဒုတိယနေ့

ဒီနေ့က ဖုအိမ်တော်ကို ညစာစားပွဲသွားတက်မဲ့နေ့ဖြစ်တယ်။

ညနေရောက်တော့ ရှန်ရှင်းဆွေ့ ပွဲတက်ဝတ်စုံကို ဝတ်ဆင်ပြီးသွားပြီဖြစ်တယ်။ အဲ့တာက အဖေသူ့ကိုပေးထားတဲ့ အရောင်နည်းနည်းရင့်တဲ့ အနောက်တိုင်းဝတ်စုံဖြစ်တယ်။ အဲဒီဝတ်စုံက သူ့ကိုယ်ပေါ်က ကလေးဆန်တဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ပေးထားပြီး အနည်းငယ်ပိုရင့်ကျက်သွားပုံပေါ်စေတယ်။ မီးအလင်းရောင်အောက်မှာ မတ်တပ်ရပ်နေချိန် ချောမောပြီးကျက်သရေရှိနေလေတယ်။

တစ်အိမ်သားလုံး အောက်ထပ်မှာ စုဝေးလိုက်ကြတယ်။

ရွှီအန်းကျန်း ဒီနေ့ဝတ်ထားတာလည်း အရမ်းလှတယ်ဆိုတာ ရှန်ရှင်းဆွေ့သတိထားမိလိုက်တယ်။ သူမက နက်ပြာရောင်စကတ်အရှည်ကို ဝတ်ဆင်ထားကာ ဉာဏ်ရည်ထက်မြက်နေပုံပေါ်တယ်။ သူမကဆံပင်ကိုထုံးဖွဲ့ထားပြီး ဆံညှပ်လေးတစ်ခုတည်း ညှပ်ထားတာက ရိုးရှင်းသလိုလှလည်းလှပလေတယ်။ ဆွဲဆောင်မှုအရှိဆုံးကတော့ သူမလည်ပင်းပေါ်က ဆွဲကြိုးလေးပဲဖြစ်တယ်။ ရေပြာရောင်ကျောက်မျက်လည်ဆွဲက သူမရဲ့ဖြူဖွေးတဲ့အသားအရေပေါ်မှာ ပိုပြီးတောက်ပနေကာ ပြိုးပြိုးပြက်ပြက်ဖြစ်နေလေတယ်။

ရှန်ရှင်းချန်က အနားရောက်လာကာ ပြောလာတယ် "မား ဒီနေ့အရမ်းလှတာပဲ"

ရွှီအန်းကျန်း သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "လျှောက်ပြောပြန်ပြီ"

"တကယ်အရမ်းလှနေတာ" ရှန်ရှင်းဆွေ့လည်း ရိုးသားစွာချီးမွမ်းလာတယ်။ သူပြုံးလိုက်ပြီး အသံတိုးလေးနဲ့ပြောလိုက်တယ် "မားမား တကယ်လှတယ် ကျွန်တော်တွေ့ဖူးတဲ့ စတားတွေထက်တောင် ပိုလှသေးတယ်"

ရွှီအန်းကျန်းကတော့ သားနှစ်ယောက်ရဲ့တစ်လှည့်စီချီးမွမ်းမှုကြောင့် သက်တန့်ရောင်အမြီးလေးက တလူလူလွင့်နေပြီဖြစ်တဲ့အပြင် မျက်နှာတွေတောင် အနည်းငယ်နီရဲနေပြီဖြစ်တယ်။ ပုံမှန်အချိန်တွေမှာ သူမကပြင်ဆင်ရတာ အရမ်းမကြိုက်ဘူးဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်မိန်းကလေးက အလှအပကိုမကြိုက်လို့လဲလေ။ အထူးသဖြင့် အချီးမွမ်းခံရတဲ့အချိန်မျိုးမှာဆို ပိုပြီးတော့တောင် ပျော်ရွှင်ရသေးတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now