Chapter - 53.2

15.6K 2.3K 196
                                    

Unicode

အန်းရန်morning kiss
___________________

ရှန်ရှင်းဆွေ့ခေါင်းငုံ့ထားရင်း အသံကပိုပိုတိုးညှင်းလာခဲ့တယ်။ ဒီဆူညံပြီးရှုပ်ပွနေတဲ့မီးဖိုချောင်ထဲမှာ တိုးညှင်းတဲ့စကားသံလေးကိုတော့ ဖုကျင်းရှောင်းနားထဲမှာ ရှင်းရှင်းလင်းလင်းကြားနေနိုင်ဆဲပဲဖြစ်တယ် "လောင်ရှီးရဲ့မျက်လုံးက ဒဏ်ရာဟောင်းရှိတော့ မသက်မသာဖြစ်နေလိမ့်မယ်"

သူခေါင်းငုံ့ထားတာကြောင့် ဖုကျင်းရှောင်းသူ့ကိုကြည့်နေတဲ့အကြည့်တွေက တဖြည်းဖြည်းနက်ရှိုင်းလာပြီး အမြဲတမ်းတက်ကြွမှုမရှိတဲ့မျက်နှာက လေးနက်မှုတွေပိုတိုးလာတာကို သတိမထားမိလေဘူး။

ရှန်ရှင်းဆွေ့က ဧည့်သည်ထမင်းစားတာ နောက်ကျနေမှာစိုးရိမ်တာကြောင့် မတုံ့ပြန်ခင်မှာပဲ ဟင်းရွက်တွေသွားလှီးတော့တယ်။ သူ့စကားကိုလည်း ပရိသတ်တွေကတစ်ဝက်ပဲ ကြားလိုက်ကြရတယ်။ ဒါပေမဲ့ ရုပ်ရှင်ဧကရာဇ်ဖုရဲ့အမူအရာကိုကြည့်ပြီး အနည်းငယ်တော့ ခန့်မှန်းနိုင်ကြတယ် :

"ဆွေ့ဆွေ့က နတ်သားလေးများဖြစ်နေမလား?"

"ဒါကတော့များသွားပြီ သူကအင်အားကြီးတဲ့သူကို လျက်နေရုံတင်ပဲမဟုတ်လား?"

"အပေါ်ထပ်ရဲ့နှလုံးသားက အရမ်းနက်မှောင်လွန်းနေတာပဲ ဖုကောကသူ့အပေါ်ဒီလောက်ကောင်းတာ လျက်နေဖို့လိုသေးလို့လား?"

"ဒီကလေးကကျေးဇူးပြန်ဆပ်ရုံလောက်ပါပဲ ပြီးတော့ဒါကသူ့ဆရာလေ"

"ပြီးတော့ အဲဒီအချိန်တုန်းက သူချက်ချင်းပြေးသွားခဲ့တယ် စဥ်းစားဖို့အချိန်အများကြီးမရှိခဲ့ဘူး"

ရှန်ရှင်းဆွေ့ဟင်းရွက်လှီးနေတဲ့အချိန်မှာ ဆရာကူယွင်ထပ်ရောက်လာခဲ့တယ်။ ကလေးကကြက်သွန်နီတွေလှီးနေတာမြင်တော့ သနားသွားရပြီး ဘယ်နားကရှာလာမှန်းမသိတဲ့ မျက်လုံးအကာကို ရှန်ရှင်းဆွေ့ဆီပေးလိုက်တယ်။

ရှန်ရှင်းဆွေ့လည်း အလွန်ကျေးဇူးတင်သွားရလေတယ်။

နောက်ဆုံးကျန်တဲ့ဟင်းကတော့ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်ဖြစ်တယ်။ စွပ်ပြုတ်ကိုပန်းကန်လုံးထဲထည့်လိုက်ပြီးနောက် ရှန်ရှင်းဆွေ့ဟင်းသွားချပေးဖို့လုပ်လိုက်တယ်။ ဒါပေမဲ့ အပူချိန်မြင့်လွန်းတဲ့စွပ်ပြုတ်က ကြွေပန်းကန်လုံးကိုအရမ်းပူပြင်းသွားစေခဲ့တယ်။ သူလက်နဲ့ထိလိုက်ရုံတင်ပေမဲ့ အပူဒဏ်ကြောင့်နောက်တွန့်သွားရတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now