Extra 3

8.2K 1K 49
                                    

Unicode

သဝန်တိုနေတဲ့အမျိုးသား
________________________

ဒါက သူတို့လက်ထပ်ထားတဲ့ ခုနှစ်နှစ်မြောက်ဖြစ်တယ်။

လက်ထပ်ပြီး ခုနှစ်နှစ်ကြာရင် အချစ်တွေပေါ့သွားလိမ့်မယ်လို့ လူတွေကပြောကြတယ်။ ဒါပေမဲ့ ဒီကိစ္စက ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းအပေါ်မှာတော့ မဖြစ်ပွားခဲ့လေဘူး။ အလုပ်များကြတဲ့ လင်မယားနှစ်ယောက်လုံးက အချင်းချင်းမတွေ့ရတဲ့အချိန်တွေမှာ ကြိုးစားပြီး လေးလေးနက်နက် အလုပ်လုပ်ကြတယ်။ တွေ့လိုက်ရင်လည်း ပူးကပ်နေကြတော့တယ်။ ခံစားချက်တွေ တည်ငြိမ်လွန်းလို့ လူအများကို အားကျစေခဲ့တယ်။

သူတို့ အတူတူရှိခါစတုန်းက လူအများက သံသယဝင်ခဲ့ကြသလို အမြင်လည်း မကြည်ခဲ့ကြဘူး။ အနှေးနဲ့အမြန် လမ်းခွဲကြမှာပဲလို့ တွေးထားခဲ့ကြတယ်။ သူတို့နှစ်ယောက်ကတော့ ဒီခံစားချက်က မပြတ်တောက်နိုင်ဘူးဆိုတာ သက်သေပြခဲ့ကြတယ်။

ဖုအုပ်စု ကုမ္ပဏီတစ်ခုလုံး အပါအဝင်ဖြစ်တယ်။

ရာထူးအထက်ပိုင်းကနေ အောက်ပိုင်းအထိ ဝန်ထမ်းတွေအားလုံး ဥက္ကဌနဲ့ ဥက္ကဌကတော်ကြားက လှုပ်ရှားမှုတွေကို အများအပြား မြင်တွေ့နေကြရလေတယ်။ အနားယူတဲ့အချိန် အိမ်မှာစွပ်ပြုတ်လုပ်ပြီး ကိုယ်တိုင်လာပို့ပေးတဲ့ ရှန်ရှင်းဆွေ့၊ ဖုကျင်းရှောင်း overtimeဆင်းပြီး အစည်းအဝေးလုပ်နေတာကြောင့် ဘာအထွန့်တက်မှုမှမရှိဘဲ နားနေခန်းထဲမှာ ငါးနာရီ၊ ခြောက်နာရီလောက် ထိုင်စောင့်ပေးပြီး ယောက်ျားရဲ့အလုပ်ကို တိတ်တဆိတ်အားပေးနေတဲ့ရှန်ရှင်းဆွေ့၊ ဒီလင်မယားနှစ်ယောက်ရဲ့ ချိုမြိန်မှုတွေက ကုမ္ပဏီက အောက်ခြေဝန်ထမ်းကအစ ရာထူးကြီးပိုင်းအထိ cp shipစေခဲ့တယ်။

အခုတလောက......လွဲလို့ပေါ့။

အခုတလော ကုမ္ပဏီကလေထုက နည်းနည်းမူမမှန်ဖြစ်နေတယ်ဆိုတာကို ဒီရက်ပိုင်းမှ ဖုကျင်းရှောင်းလည်း သတိထားမိခဲ့လေတယ်။ ဒီလို မူမမှန်ဖြစ်နေတာက အနည်းငယ်မသိမသာတဲ့ ခံစားချက်မျိုးဖြစ်တယ်။ သိသိသာသာ ထုတ်ပြမနေပေမဲ့လည်း အမှန်တကယ် တည်ရှိနေတာဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီNơi câu chuyện tồn tại. Hãy khám phá bây giờ