Chapter - 46.1

19.2K 2.7K 436
                                    

Unicode

ဖုကျင်းရှောင်းက စာချုပ်ရပ်စဲရန်ကူညီခြင်း
_______________________________________

ဖုန်းတစ်ဖက်ကဝမ်ကောက ပြောပြီးတာနဲ့ဖုန်းချသွားခဲ့တယ်။

အရှေ့ကနေသွားနေတဲ့ ရွှီအန်းကျန်းက ကလေးလိုက်မလာတာတွေ့တော့ လှည့်ကြည့်လိုက်ပြီး စူးစမ်းစိတ်နဲ့မေးလာခဲ့တယ် "ဆွေ့ဆွေ့ ဘာလို့ဆက်မလိုက်လာတော့တာလဲ?"

ကျန်ရှင်းဆွေ့ရပ်တန့်သွားပြီးတော့မှ အလျင်အမြန်လိုက်လာကာ ပြောလိုက်တယ် "ဖုန်းပြောနေတာပါ"

ရှန်ရှင်းချန်ကလည်း မေးလာတယ် "ဘယ်သူလဲ?"

သူတို့ဒီလိုမေးလာတော့ ကျန်ရှင်းဆွေ့တွေဝေစွာနဲ့ ဘယ်လိုပြောရမှန်းမသိဖြစ်သွားတော့တယ်။ သူကိစ္စမရှိပါဘူးလို့ ပြောလိုက်ချင်တယ်။ ဘာလို့လဲဆိုတော့ နှစ်တွေအကြာကြီး မှီခိုစရာလူမရှိခဲ့တာကြောင့် တစ်ယောက်တည်းပဲဖြေရှင်းရတာကို နေသားကျနေပြီဖြစ်တယ်။

ဒါပေမဲ့ဒီအချိန်မှာတော့ အားလုံးကစိတ်ပူနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေကြချိန်မှာ ကျန်ရှင်းဆွေ့စိတ်ထဲတင်းကျပ်သွားမိပြီး နောက်တော့စိတ်လျော့လိုက်တော့တယ်။ သူသက်ပြင်းဖွဖွချလိုက်ပြီး စိတ်အခြေအနေကိုပြုပြင်လိုက်ပြီးတော့မှ ပြောလာတယ် "အင်း အရင်ကအေးဂျင့်ကုမ္ပဏီက ကျွန်တော့ကိုပြဿနာနည်းနည်းရှာနေတာ အဲ့တာကြောင့် ဖြေရှင်းဖို့လိုနေလို့ပါ"

ရှန်ရှင်းချန်စိတ်တိုစွာနဲ့ "အဲဒီဘာတဲ့ 'ဒေဝါလီခံကုမ္ပဏီ'? "

ကျန်ရှင်းဆွေ့ခေါင်းညိတ်လိုက်တယ် "ဟုတ်တယ်"

ရှန်ရှင်းချန် စူးစမ်းစွာနဲ့ပဲ "အဲ့ကုမ္ပဏီက ဒေဝါလီမခံရသေးဘူးပေါ့?"

ကျန်ရှင်းဆွေ့ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး ငါသူတို့နဲ့အငြင်းပွားစရာလေးတွေရှိနေလို့ပါ အရင်ရိုက်ကူးရေးမှာတုန်းက..."

သူအရင်ရိုက်ကူးရေးမှာကြုံခဲ့တာတွေကို အတိုချုပ်ပြောပြလိုက်တယ်။ ၁၀သိန်းပေးပြီးပြိုင်ပွဲကနေထွက်ခိုင်းတဲ့ကိစ္စနဲ့ အေးဂျင့်ဖုန်းဆက်ပြီး ခြိမ်းခြောက်တဲ့ကိစ္စတွေကို စကားလုံးအများကြီးမသုံးဘဲ တိုတိုတုတ်တုတ်ပဲပြောပြလိုက်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now