Chapter - 81

14.1K 1.9K 146
                                    

Unicode

ဖုကျင်းရှောင်းရဲ့ ကိုယ်ပိုင်ဘဝက အရမ်းရှုပ်ထွေးတယ်
__________________________________________

ရှန်ရှင်းဆွေ့ ခြေထောက်တွေ လက်တွေ ခဏလှုပ်ရှားလိုက်ပြီးနောက် ဖုကျင်းရှောင်းကို ပုခုံးစတင်နှိပ်ပေးတော့တယ်။

ဖုကျင်းရှောင်း ထိုင်ခုံပေါ်မှာထိုင်နေရင်း ပြောလာတယ် "နှိပ်ပေးစရာမလိုဘူး နည်းနည်းလောက် ထုပေးရင်ကိုရပြီ"

"အွန်?" သူ့ကိုမလုပ်စေချင်လို့'လို့ထင်သွားပြီး ရှန်ရှင်းဆွေ့ အဓိပ္ပာယ်ကောက် လွဲသွားလေတယ်။ ဒါကြောင့် သူကဖြေရှင်းကာပြောလာတယ် "ကိစ္စမရှိပါဘူး ကျွန်တော်အရင်က နည်းနည်းသင်ခဲ့ဖူးတယ် လောင်ရှီး စိတ်မပူပါနဲ့"

ဖုကျင်းရှောင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ ပြီးမှသူဖြည်းဖြည်းပြောပြလိုက်တယ် "မင်းရဲ့လက်က ဒဏ်ရာရထားတာလေ အားအများကြီးသုံးမိရင် နာနေလိမ့်မယ်"

ရှန်ရှင်းဆွေ့ တစ်ခဏလောက် အံ့သြသွားရတယ်။

တကယ်တော့ သူကိုယ်တိုင်တောင် ဒီကိစ္စကိုမေ့နေခဲ့ပြီ။ ဒါပေမဲ့ ဖုကျင်းရှောင်းအတွက်ကတော့ မေ့ဖို့ခက်ခဲလှတယ်။

ရှန်ရှင်းဆွေ့ အသံတိုးနဲ့ပြောလိုက်တယ် "တကယ်တော့ အဲ့လောက်လည်း မဆိုးပါဘူး ဒဏ်ရာသေးသေးလေးတင်ပါ"

ဖုကျင်းရှောင်းကတော့ သူပြောတာကို နားမထောင်လေဘူး "ကိုယ့်ပါကိုယ်ကောင်းကောင်းဂရုမစိုက်ရင် ဒဏ်ရာအကြီးကြီးရမှ နောင်တရလို့ ငိုစရာနေရာမရှိဘူးဖြစ်နေလိမ့်မယ်"

ရှန်ရှင်းဆွေ့ ခဏတာတိတ်ဆိတ်သွားရတယ်။ စိတ်ထဲမှာတွေးနေမိတာက လောင်ရှီးကလည်း တကယ့်စံပြပဲ။ ဒီအနုပညာလောကထဲမှာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဆုံးလူက လောင်ရှီးပဲမဟုတ်ဘူးလား။ ဒီနေရာမှ ဘယ်သူကများ လောင်ရှီးနဲ့ယှဥ်နိုင်မှာလဲ။

ဖုကျင်းရှောင်းက ဖြည်းညှင်းစွာပြောလာတယ် "စိတ်ထဲမှာ ကိုယ့်ကိုဆဲနေတာလား"

ရှန်ရှင်းဆွေ့ စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး အပြစ်ရှိစိတ်ကြောင့် ပျာယာခတ်သွားရတယ် "အာ? မဟုတ်...မဟုတ်ပါဘူး......"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now