Chapter - 73.1

12.9K 2.1K 99
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ဖုက အကြွင်းမဲ့စစ်သည်တော်
_______________________________________

ရှန်ရှင်းဆွေ့ ဖုန်းကိုင်ထားရင်းပြောလိုက်တယ် "ဘယ်...ဘယ်သူမှမဟုတ်ပါဘူး......"

သူဘာလို့မသိစိတ်ကနေ ဖုံးကွယ်ထားချင်ပြီး လိမ်ပြောလိုက်မိမှန်းမသိဘူး။

ကံကောင်းထောက်မစွာနဲ့ ရှန်မင်လောင်က သူ့ကိုတွန်းအားမပေးခဲ့သလို အဆုံးစွန်ထိတိုင်အောင်လည်း အတင်းအကြပ်မမေးခဲ့ဘူး။ သူ့မျက်ဝန်းတွေက ဖုန်းပေါ်မှာ အချိန်ခဏလောက် ရပ်တန့်နေခဲ့ပြီးမှ နောက်ဆုံးခေါင်းညိတ်ကာ ပြောလိုက်တယ် "ကောင်းပြီ ဒါဆိုကောသွားနှင့်မယ် မင်းလည်းမြန်မြန်လာခဲ့တော့"

ရှန်ရှင်းဆွေ့ အလျင်အမြန်ခေါင်းညိတ်ပြလိုက်တယ်။

ရှန်မင်လောင် နောက်လှည့်ကာထွက်သွားတော့မှ ရှန်ရှင်းဆွေ့ ဖုန်းကိုပြန်ကိုင်လိုက်ပြီး တစ်ဖက်ကလူကိုပြောလိုက်တယ် "ဝေ ဖုလောင်ရှီး လောင်ရှီးရှိနေသေးလား?"

ဖုန်းတစ်ဖက်က အချိန်တစ်ခဏလောက်အထိ တိတ်ဆိတ်နေလေတယ်။

နောက်တော့

ဖုကျင်းရှောင်းရဲ့ရယ်သံလေး ထွက်ပေါ်လာခဲ့တယ်။ အမျိုးသားရဲ့အပြုံးမှာ အေးစက်မှုတွေပါဝင်နေသယောင် ခံစားရလေတယ်။ သူကဖြေးညင်းစွာနဲ့ အသံကိုဆွဲကာပြောလာတယ် "ဘာဖုလောင်ရှီးလဲ ကိုယ်က'ဘယ်သူမှမဟုတ်ဘူး' မဟုတ်ဘူးလား?"

ရှန်ရှင်းဆွေ့ ထိတ်လန့်သွားခဲ့တယ်။

စောနတုန်းက ဖုလောင်ရှီး ဒီလောက်အသေးစိတ် ကြားလိုက်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး......

ပြီးတော့ ဒါကိုဘယ်လိုရှင်းပြရပါ့မလဲ။

"ဘာလဲ?" ဖုကျင်းရှောင်းရဲ့အသံကတိုးဝင်သွားခဲ့ပြီး သူ့လေသံကိုကြားချိန် လူကိုအမည်မသိနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ချို့ ပေးစွမ်းနေလေတယ် "ကိုယ်နဲ့ဖုန်းပြောနေတာ မျက်နှာအရမ်းပျက်ရတယ်ပေါ့?"

ဒီကိစ္စက တကယ်ထူးဆန်းတယ်။ ဒါမှမဟုတ် ရုပ်ရှင်ဧကရာဇ်ကိုယ်တိုင်အတွက်ပြောရရင် အားလုံးကသာမန်ထက်လွန်ကဲနေတဲ့ကိစ္စတွေပဲ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now