Chapter - 34

15.5K 2.3K 216
                                    

Unicode

မား၊ ဘာလို့ငိုနေတာလဲ
____________________

ကျန်ရှင်းဆွေ့ လူ့ဘဝကဒီလောက်အိမ်မက်ဆန်နိုင်လိမ့်မယ်လို့ တစ်ခါမှတွေးမကြည့်ဖူးဘူး။

သူကဆေးရုံကုတင်ပေါ်မှာ လှဲနေပြီးတော့ ဦးနှောက်ထဲမှာတော့ စောနကကုတင်ဘေးမှာ ရုပ်ရှင်ဧကရာဇ်ဖုနဲ့ပြောခဲ့တာတွေကို သတိရမိနေတယ်။ သူခေါင်းငြိမ့်လိုက်ပြီးတော့နောက်မှာ ရုပ်ရှင်ဧကရာဇ်ဖုက တစ်ခဏလောက်တိတ်ဆိတ်သွားတယ်။ သူ့နှလုံးတွေတုန်ရင်နေတယ်။ သူတစ်ကိုယ်ကောင်းဆန်နေသလား၊ ဖုကျင်းရှောင်းကိုဖိအားပေးမိပြီလားလို့ စဥ်းစားနေတဲ့အချိန်မှာပဲ ပြတင်းပေါက်ဘေးမှာထိုင်နေတဲ့ ဖုကျင်းရှောင်းကမေးလာတယ် "မင်းနဲ့ကုမ္ပဏီရဲ့စာချုပ်က ဘယ်တော့သက်တမ်းကုန်မှာလဲ?"

ကျန်ရှင်းဆွေ့ကြောင်အနေပြီး "အာ?"

ရုပ်ရှင်ဧကရာဇ်ဖုက တခြားဘာမှပြောမနေဘဲ စကားတစ်ခွန်းပဲပြောသွားခဲ့တယ် "တကယ်လို့ စာချုပ်သက်တမ်းကုန်သွားတာတို့ စာချုပ်ဖျက်သိမ်းချင်တာတို့ဆိုရင် ကိုယ်နဲ့လာပြီးဆွေးနွေးလို့ရတယ်"

ကျန်ရှင်းဆွေ့ကုတင်ပေါ်မှာ ကြောင်အပြီးထိုင်နေကာ ဘာမှမပြောရသေးခင်မှာပဲ ဖုကျင်းရှောင်းကဖုန်းလာလို့ အပြင်ထွက်သွားလေပြီ။

သူကအဖျားရှိနေဆဲပဲဖြစ်ကာ အချိန်အကြာကြီးမတွေးနိုင်ဘူး။ ကုတင်ပေါ်မှာတစ်ခဏလောက် တွေးနေပေမဲ့ ဘာမှထွက်မလာဘဲ နောက်ဆုံးဆေးရှိန်နဲ့အိပ်ပျော်သွားတော့တယ်။

နောက်သူနိုးလာတော့ ရိုက်ကူးရေးအဖွဲ့ရဲ့ဝန်ထမ်းလေး ရှောင်မီကသူ့ကိုစောင့်ပေးနေတာဖြစ်တယ်။ သူက "ဖုကောကလုပ်စရာလေးရှိလို့ အလုပ်များနေတယ်ပြောတယ် ဒီနေ့ညလေယာဥ်တဲ့ အဲ့တာကြောင့် ငါမင်းကိုလာစောင့်ပေးတာ"

ကျန်ရှင်းဆွေ့က အရမ်းကျေးဇူးတင်သွားပြီး "ရှဲ့ရှဲ့ မင်းကိုအလုပ်ရှုပ်စေမိပြီ"

ရှောင်မီက သက်ပြင်းချလိုက်ပြီး "ငါ့ကိုကျေးဇူးမတင်နဲ့ ငါတို့ကအလုပ်အတူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေပဲမဟုတ်ဘူးလား ဘာလဲ မင်းကအခုကျော်ကြားသွားတော့ ငါ့ကိုသူငယ်ချင်းလို့ မသတ်မှတ်တော့တာလား"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now