Chapter - 62

14.9K 2.4K 466
                                    

Unicode

ဖုကျင်းရှောင်းရဲ့အနောက်ခန်းဆောင်သခင်မ
______________________________________

ရှန်ရှင်းဆွေ့ဖုန်းပေါ်ကသတင်းတွေကိုမြင်တဲ့အချိန်မှာ သူ့တစ်ကိုယ်လုံးအေးစက်သွားရတော့တယ်။ အတွေးတွေများစွာက သူ့ခေါင်းထဲမှာအထပ်ထပ်ပြေးလွှားနေခဲ့ပြီး ကားမီးရောင်တွေလိုပဲ လျင်မြန်စွာဖြတ်သန်းသွားခဲ့တယ်။ ဒါပေမဲ့ သူ့ခေါင်းထဲမှာရှုပ်ရှက်ခတ်နေတဲ့အတွေးတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဘေးနားကရှန်ရှင်းချန်ပြောတဲ့စကားတွေကိုတောင် ရှင်းရှင်းလင်းလင်းမကြားနိုင်ခဲ့ဘူး။

ရှန်ရှင်းချန်ကူရာမဲ့စွာနဲ့ လေသံကိုပိုလေးနက်လိုက်ပြီး "ဆွေ့ဆွေ့ မင်းနားထောင်နေရဲ့လား?"

ရှန်ရှင်းချန်အလျင်အမြန်ပဲ စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး တုန်လှုပ်စွာနဲ့ပြန်ဖြေလာတယ် "နား...နားထောင်နေပါတယ်"

"ငါ့အမြင်တော့မင်းနားထောင်မနေပါဘူး" ရှန်ရှင်းချန်သူ့မေးစေ့ကို လက်တစ်ဖက်နဲ့ထောက်ထားကာ စွပ်ပြုတ်ကိုလည်းဆက်မသောက်တော့ဘူး "ဆိုတော့ အဲဒီကျန်ကျစ်ရဲ့သီချင်းက ဘယ်လိုဖြစ်တာလဲ?"

ရှန်ရှင်းဆွေ့လက်ထဲကဖုန်းကိုချလိုက်ပြီး သက်ပြင်းတစ်ချက်ချကာပြန်ဖြေလိုက်တယ် "ဒီသီချင်းကငါ့ရဲ့မူရင်းဖန်တီးမှုဆိုတာ ငါအတည်ပြုနိုင်တယ် ဒါပေမဲ့အချိန်ကနည်းနည်းကြာနေပြီ အဲ့တာက ငါအထက်တန်းအပြီး တက္ကသိုလ်တက်တော့မဲ့အချိန်မှာရေးခဲ့တာထင်တယ် အဲဒီအချိန်တုန်းက ငါ့ပါသာငါလည်းကိုယ်ပိုင်သီချင်းတွေရေးခဲ့ဖူးတယ် ပြီးတော့သူလည်းအဲ့အချိန်တုန်းကပွဲဦးထွက်ပြီးသွားပြီလေ ငါရေးထားတဲ့သီချင်းကို သူ့ကိုလည်းပြခဲ့ဖူးတယ် ဒါပေမဲ့ငါရေးတာအရမ်းသာမန်ဆန်တယ်လို့ပဲ သူတစ်လျှောက်လုံးပြောခဲ့တာ ပြီးတော့ငါကသူ့တိတိဖြစ်တာမလို့ ဒီသီချင်းကိုအပြင်ကိုထုတ်မပြစေဘဲ သူ့ကိုအရှက်မရစေနဲ့လို့ပြောခဲ့တာ"

ရှန်ရှင်းချန်နားထောင်လိုက်ရပြီးနောက် ချက်ချင်းဒေါသတွေထွက်လာရတော့တယ်။ သူတူကိုစားပွဲပေါ် 'ဘန်း'ကနဲပစ်ချလိုက်ပြီး ဒေါသသံနဲ့ "ကျန်ကျစ်ဆိုတဲ့လူယုတ်မာက လူရောဟုတ်သေးရဲ့လား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now