Chapter - 70.1

15.5K 2.3K 210
                                    

Unicode

ဖုလောင်ရှီးကတကယ့်ကိုလူကောင်းတစ်ယောက်ပါ
__________________________________________

ဝမ်ချူယန်းက စိတ်လှုပ်ရှားစွာနဲ့ ဖုကျင်းရှောင်းကိုကြည့်လိုက်ပြီး ဖုကျင်းရှောင်းရဲ့အချစ်ကို ရယူနိုင်ဖို့ မျှော်လင့်နေခဲ့တယ်။

ဖုကျင်းရှောင်းကတော့ ဒီစကားကိုကြားတဲ့အချိန် နှုတ်ခမ်းထောင့်ကအပြုံးလေးက ပိုနက်ရှိုင်းသွားရတော့တယ်။ အမျိုးသမီးကို သူတစ်ချက်ကြည့်လိုက်တယ်။ အမျိုးသမီးတွေးထင်ထားသလို သူ့ရင်ထိုးကိုနူးညံ့စွာပေးမလာတဲ့အပြင် ပြောလာခဲ့တယ် "ဆိုတော့ မင်းရဲ့မြင်မြင်ချင်းအချစ်နဲ့ သဘောကျတယ်ဆိုတာက ဘယ်သူ့ကိုမဆို ပြောင်းလိုက်နိုင်တယ်ပေါ့ ဟုတ်လား?"

ဝမ်ချူယန်းရဲ့မျက်နှာက ဖြူဆုတ်သွားရတော့တယ်။

သူဒီတစ်ခေါက် ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ပြုံးနေတဲ့မျက်နှာကို ကြည့်တဲ့အချိန်ကျမှ အဲဒီအပြုံးနောက်ကွယ်က အန္တရာယ်ကိုခံစားမိလိုက်ရတယ်။

"မဟုတ်ပါဘူး......" ဝမ်ချူယန်း ရှင်းပြချင်မိတယ် "ကျွန်မအဲဒီသဘောမဟုတ်ပါဘူး"

ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်တယ် "ဒါဆို မင်းကဘာသဘောတုန်း?"

"သတ္တိရှိရှိနဲ့ လိုက်တယ်ဆိုတာက ကောင်းပါတယ်" ဖုကျင်းရှောင်း သူ့ကိုကြည့်ကာ ပြုံးရယ်လိုက်ပြီး "ဒါပေမဲ့ လိုက်လွန်းအားကြီးသွားရင်တော့ ကောင်းချင်မှကောင်းတော့မှာလေ မင်းအထင်ရော?"

ဝမ်ချူယန်း အပြောခံလိုက်ရတာကြောင့် ပြောစရာစကားတွေပျောက်သွားရတယ်။ သူရှက်ရွံ့စွာနဲ့ မျက်လုံးတွေနီလာကာ ခေါင်းငုံ့ပြီး ပြေးထွက်သွားတော့တယ်။

ရှန်ရှင်းဆွေ့ သူထွက်သွားတာမြင်တော့ "အိုင်း... မင်း......"

သူများရဲ့ကျောပြင်ကို ရှန်ရှင်းဆွေ့ဆက်ကြည့်နေသေးတာမြင်တော့ ဖုကျင်းရှောင်းမျက်ခုံးပင့်လိုက်ပြီး "ဘာလဲ သူ့အတွက်စိတ်မကောင်းဖြစ်နေတာလား?"

ရှန်ရှင်းဆွေ့ မှားယွင်းစွပ်စွဲခံလိုက်ရတယ် "မဟုတ်ပါဘူး သူကကောင်မလေးတစ်ယောက်သာသာဆိုတော့ ကိစ္စတစ်ခုခုဖြစ်နေမလားလို့?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTempat cerita menjadi hidup. Temukan sekarang