Chapter - 65.1

13.6K 2.4K 160
                                    

Unicode

အခုသွားပြီးရေချိုးရမှာလား
_________________________
အခန်းတွင်းလေထုက ချက်ချင်းထူးဆန်းလာတော့တယ်။

ကျန်းကျစ်က မောဟိုက်စွာနဲ့ "ကောင်းပြီ ဒါဆိုမင်းရှင်းပြပါဦး မင်းနဲ့ရှန်ရှင်းဆွေ့က ဒီမှာဘာလုပ်နေကြတာလဲဆိုတာ?"

"ကျွန်တော်......ကျွန်တော်တို့......"

ရှန်ရှင်းဆွေ့က တစ်ခွန်းဖြတ်ပြောလိုက်လေတယ် "ဘာလုပ်နေတယ်ဆိုတာ ခင်ဗျားမမြင်ဘူးလား?"

ကျန်ကျစ် ခေါင်းလှည့်ပြီးရှန်ရှင်းဆွေ့ကိုကြည့်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ ခရီးဆောင်အိတ်ကိုမြင်သွားပြီး ချက်ချင်းသတိတကြီးဖြစ်သွားတော့တယ် "မင်းကိုင်ထားတာကဘာလဲ?"

"ကျွန်တော့်ပစ္စည်းတွေ" ကျန်ကျစ်ကိုကြည့်နေတဲ့ ရှန်ရှင်းဆွေ့ရဲ့အကြည့်တွေထဲမှာ ရန်လိုမှုအငွေ့အသက်တွေပါဝင်နေတယ်။ အသံကလည်း အများကြီးအများကြီးအေးစက်သွားခဲ့တယ် "ကျန်ကျစ် ကျွန်တော်ခင်ဗျားကိုမေးမယ် ကျွန်တော့်လျှို့ဝှက်အခန်းထဲကပစ္စည်းတွေကို ခင်ဗျားယူထားတာလား"

ကျန်ကျစ်ရဲ့မျက်လုံးထဲမှာ မူမမှန်မှုလေးတွေပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ တစ်ခဏပဲဖြစ်ကာ ခပ်မြန်မြန်ပဲပျောက်ကွယ်သွားခဲ့တယ် "မင်းကိစ္စလား?"

"အဲ့တာကျွန်တော့်ပစ္စည်းတွေ" ရှန်ရှင်းဆွေ့ဒီစကားကို နှလုံးသားထဲကနေပြီး ပြောထွက်လာတာဖြစ်တယ်။ သူ့ရဲ့လေသံက နောက်ဆုံးမထိန်းချုပ်နိုင်စွာနဲ့ ဒေါသတွေပါဝင်နေခဲ့တယ် "ကျွန်တော်ဒီပစ္စည်းတွေကို တန်ဖိုးထားတယ်ဆိုတာ ခင်ဗျားသိရက်နဲ့ ဘာလို့ဒီလိုလုပ်ရတာလဲ?"

ကျန်ကျစ် ရှန်ရှင်းဆွေ့ရဲ့နီရဲနေတဲ့ မျက်လုံးတွေကိုကြည့်ရင်း အမုန်းတရားတွေပါနေတဲ့ စကားသံတွေကိုနားထောင်ရင်း စိတ်ထဲအမည်မသိစွာနဲ့ တုန်လှုပ်သွားရတယ်။ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားထဲမှာ ထူးဆန်းမှုလေးတစ်ခု ပေါ်ပေါက်လာရပြန်တယ်။ ဂရုမထားတဲ့လက်စားချေချင်တဲ့ခံစားချက်တစ်ချို့။

မမှားဘူး။ သူက ဖုကျင်းရှောင်းကို အရမ်းမုန်းတာ။

အစကတည်းက သူနဲ့သက်ဆိုင်နေတဲ့ နေရာတွေ၊ အရင်းအမြစ်တွေကို လုယူသွားခဲ့တာ။ သူလမ်းပိတ်နေခဲ့လို့သာမဟုတ်ရင် အခုနေသူက မိုးကောင်းကင်ကဘုရင်တစ်ပါးဖြစ်နေရမှာ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now