Chapter - 49.2

18.3K 2.5K 198
                                    

Unicode

ဘယ်သူကဖုကျင်းရှောင်းကို ငြင်းဆန်မှာတဲ့လဲ
__________________________________________

အန်းရန်နှုတ်ဆက်ဖို့အတွက် ရှေ့တက်သွားလိုက်တယ် "ဖုကော!"

ဖုကျင်းရှောင်းက နေကာမျက်မှန်တပ်ထားတာကြောင့် ပရိသတ်တွေနဲ့အန်းရန်က သူမျက်မှောင်ကြုတ်လိုက်တာကို မမြင်လိုက်ကြရလေဘူး။ အမျိုးသားရဲ့လေသံက ပျော့ပျောင်းစွာနဲ့ "အန်ရန်ကိုး"

"ဟုတ်တယ် တိုက်ဆိုင်လိုက်တာနော် ဖုကော" အန်းရန်ပြုံးလိုက်ပြီး "ဒီနေရာမှာကောနဲ့တွေ့ရတယ်လို့"

ဖုကျင်းရှောင်းလက်တစ်ဖက်တည်းနဲ့ ခရီးဆောင်အိတ်ကိုတွန်းရင်း "ရိုက်ကူးရေးအဖွဲ့က ဒီဘက်မှလူစုဖို့ သတ်မှတ်ထားတာမဟုတ်ဘူးလား ဒါကလည်းတိုက်ဆိုင်တာပေါ့"

"....."

အန်းရန်ဆွံ့အသွားရတယ်။

Live roomကပရိသတ်တွေကတော့ အတော်လေးပျော်ရွှင်နေကြတယ် :

"ဟားဟားဟား ဖုသွေ့သွေ့" [သွေ့သွေ့က တစ်ဖက်သားကို စကားနဲ့တိုက်ခိုက်တဲ့သူကို ပြောတာဖြစ်ပါလိမ့်မယ်]

"ခံစားချက်ကိုနားမလည်လွန်းတာပဲ"

"xswl (ရယ်သေပါပြီ)"

ဒါကဆောင်းဦးရာသီဖြစ်ပေမဲ့ လေယာဥ်ဆင်းသက်ချိန်က နေ့လယ်ခင်းနေပူနေချိန်ဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ဒီမြို့လေးက တစ်နိုင်ငံလုံးမှာအနွေးဆုံးနဲ့ အပူဆုံးနေရာဖြစ်တယ်။ အဲ့တာကြောင့်guestတွေအားလုံးက နွေရာသီဝတ်အင်္ကျီတွေဝတ်ထားကြတယ်။ အန်းရန်ကလက်မလျှော့သေးဘဲ "ဖုကော ကောလေယာဥ်ပေါ်ကဆင်းပြီး ဒီထိလာရတာပင်ပန်းနေမှာပေါ့ ကျွန်တော့မှာရေဘူးရှိတယ်သောက်မလား?"

ဖုကျင်းရှောင်း စဥ်းတောင်မစဥ်းစားဘဲ "ရေမဆာဘူး"

အန်းရန်ရွေးချယ်စရာမရှိတော့ဘဲ လက်လျော့လိုက်ရတော့တယ်။

မလွယ်မကူနဲ့ရလာခဲ့တဲ့ တွေ့ဆုံမှုအခွင့်အရေးလေးမှာ ခံစားချက်တွေတိုးလာဖို့ စကားပြောဖို့အခွင့်အရေးရှာနေခဲ့ပေမဲ့ မထင်ထားမိတာက အကုန်လုံးလျစ်လျူရှုထားခံလိုက်ရတော့တယ်။ အစကတည်းက ရုပ်ရှင်ဧကရာဇ်ဖုရဲ့အမူအကျင့်ကအေးစက်ပြီး အကုန်လုံးကိုယဥ်ယဥ်ကျေးကျေးနဲ့ အကွာအဝေးတစ်ခုခြားထားတတ်တယ်ဆိုပြီးတော့သာ သူ့ကိုယ်သူဖြေသိမ့်နိုင်တော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now