Chapter - 55.2

15.7K 2.4K 187
                                    

Unicode

နေရာပြောင်းပြီးငိုပါလား
______________________

ရှန်ရှင်းချန်တို့က အသီးတွေကိုမြန်မြန်ဆန်ဆန်ပဲ ပို့လာခဲ့ကြတယ်။ ဖုကျင်းရှောင်းနဲ့ရှန်ရှင်းဆွေ့တို့လည်း ဆိုင်ကိုအကြမ်းဖျင်းခင်းပြီးသွားခဲ့ကြတဲ့အချိန်မှာ နေ့လည်ခင်းရောက်နေပြီဖြစ်တယ်။ ဒါပေမဲ့အကုန်လုံးက အင်အားပြည့်ဝနေဆဲဖြစ်ကာ ဘယ်သူမှပင်ပန်းတယ်၊ ဗိုက်ဆာတယ်လို့ မအော်နေကြလေဘူး။

ဆိုင်သေချာခင်းပြီးသွားချိန်မှာ စျေးမေးပြီးပစ္စည်းလာဝယ်တဲ့သူရှိလာခဲ့တယ်။

ရှန်ရှင်းချန်စျေးပြောလိုက်ပြီးနောက် အလေးချိန်ကူချိန်ပေးဖို့လုပ်ပေမဲ့ အီလက်ထရောနစ်ချိန်ခွင်ကို သူမသုံးတတ်လေဘူး။ ထို့နောက် ကြောင်အနေတဲ့မျက်လုံးလေးတွေနဲ့ လီရွှိအန်းကိုကြည့်လိုက်လေတယ် "မင်းသုံးတတ်လား?"

လီရွှိအန်းခေါင်းခါလိုက်ရင်း "ငါလည်းမသုံးဖူးဘူး"

ဒီမှာရှိနေတဲ့သူတွေအားလုံးက သခင်လေးတွေချည်းဖြစ်တာကြောင့် သာမန်အားဖြင့် အီလက်ထရောနစ်ချိန်ခွင်သုံးပြီး စီးပွားရေးလုပ်ရတာက အရမ်းရှားလေတယ်။ ကြောင်တောင်တောင်လေးတွေဖြစ်နေကြချိန်မှာ ရှန်ရှင်းဆွေ့ကရှေ့ထွက်လာပြီး "ကျွန်တော်သုံးတတ်တယ်"

သူအိတ်ကိုလွှဲပြောင်းယူလိုက်ပြီး ကျွမ်းကျင်စွာနဲ့ထည့်ပေးလိုက်တယ်။ ထို့နောက်အီလက်ထရောနစ်ချိန်ခွင်ပေါ်မှာ အလေးချိန်သေချာချိန်လိုက်ပြီး နောက်ဆုံးအပြုံးလေးနဲ့ ဝယ်သူကိုပြောလိုက်တယ် "စုစုပေါင်း၁၅.၃ယွမ်ပါ ၁၅ယွမ်ပေးရင်ရပါပြီ နောက်တစ်ခေါက်လည်းလာခဲ့ပါဦးနော်"

စျေးလျော့ပေးလိုက်တယ်လို့ ဝယ်သူကြားလိုက်ရတယ်။ ဒါက '3မောင်'ပဲဖြစ်ပေမဲ့ ကြားရတာတော့ စိတ်ထဲအရမ်းသက်တောင့်သက်သာရှိလှတယ်။ ထို့နောက်အပြုံးလေးထွက်ပေါ်လာပြီး "ကောင်းပါပြီ ကောင်းပါပြီ ရှဲ့ရှဲ့" (3မောင်က 15.3ရဲ့နောက်က3ပါ။ 15.3ယွမ်ဆိုတာ 15ယွမ်နဲ့3မောင်ပေါ့။)

သူတို့ရဲ့ငွေပေးချေမှုကုဒ်က အစောလေးကမှပရင့်ထုတ်ထားတာဖြစ်ပြီး scanတစ်ချက်ဖတ်လိုက်တာနဲ့ ငွေပေးချေနိုင်ပြီဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now