Chapter - 67.1

13.6K 2.2K 56
                                    

Unicode

fanသရုပ်မှန်ဖော်ထုတ်မိခြင်း
__________________________
ရှန်ရှင်းဆွေ့ လျှပ်စီးလိုအရှိန်မျိုးနဲ့ ပြေးလာခဲ့တယ်။ ဖုကျင်းရှောင်း မတုံ့ပြန်နိုင်လိုက်သေးခင်မှာပဲ သူသေတ္တာကိုအုပ်လိုက်ပြီး "ဖုလောင်ရှီး!"

သူ့ရဲ့ပြင်းထန်တဲ့လှုပ်ရှားမှုကြောင့် ဖုကျင်းရှောင်းအံ့အားသင့်သွားရတယ်။

ရှန်ရှင်းဆွေ့ဟောဟဲလိုက်နေပြီး "ကျွန်တော်...ကျွန်တော့်ပါသာလုပ်လိုက်မယ်"

ဖုကျင်းရှောင်း အနည်းငယ်အံ့သြသွားတယ်။ အမျိုးသားကမျက်ခုံးပင့်လိုက်ပြီး စနောက်မှုတစ်ဝက်နဲ့ ပြောလာခဲ့တယ် "ဘာလဲ မင်းသေတ္တာထဲမှာ ဗုံးတွေများရှိနေလို့လား?"

"မဟုတ်......"

ရှန်ရှင်းဆွေ့ မျက်နှာတွေနီလာရတယ်။ သူ့သေတ္တာထဲမှာ ဖုကျင်းရှောင်းရဲ့albumတွေနဲ့ အရုပ်တွေရှိနေတာကို ဘယ်လိုရှင်းပြရမလဲမသိဘူး။ ပြီးတော့ဒီကိစ္စကလည်း ဘယ်လိုပဲပြောပြော အရူးနဲ့တူနေမှာမဟုတ်လား?

"ဒီတိုင်း ကျွန်တော့်ပါသာလုပ်လိုက်လို့ရပါတယ်" ရှန်ရှင်းဆွေ့ သေတ္တာကိုကိုင်ထားရင်း ရှင်းပြလေတယ်။ ဒါပေမဲ့ အကြည့်တွေက ဖုကျင်းရှောင်းရဲ့ မဲနက်တဲ့မျက်ဝန်းတွေနဲ့ဆုံမိသွားရတယ်။ အမျိုးသားက အမြဲတမ်းသူ့ရဲ့အတွေးတွေကို နားလည်နိုင်နေသလိုမျိုးပဲ။ သူစိတ်လှုပ်ရှားလာရပြီး ထစ်အစွာနဲ့ "ဒီလိုအလုပ်ကြမ်းတွေကို လောင်ရှီးကိုဘယ်လိုလုပ် လုပ်ခိုင်းပါ့မလဲ?"

ဖုကျင်းရှောင်း သူ့ကိုစိတ်ဝင်စားစွာကြည့်နေလေတယ်။ ထို့နောက် တမင်လိုမျိုးနဲ့ "တစ်ခါတစ်လေလေး လုပ်ပေးရတာကလည်း ကိစ္စမရှိပါဘူး"

ရှန်ရှင်းဆွေ့ ဆို့နင့်သွားရတယ်။ စိတ်ထဲမှာတော့ ဒီအမျိုးသားက ဘာလို့ဒီလောက်ဆိုးရတာလဲလို့ တွေးမိလိုက်တော့တယ်။ ဒါပေမဲ့သေတ္တာကို စိတ်လှုပ်ရှားစွာကိုင်ထာဆဲဖြစ်ပြီး "မ...မလိုပါဘူး......"

ဖုကျင်းရှောင်း သူစိတ်လှုပ်ရှားနေတဲပုံကိုကြည့်နေပြီး နောက်ဆုံး ရယ်သံဖွဖွထွက်လာခဲ့တယ်။ သူလက်လွှတ်ပေးလိုက်ပြီး "စနေတာပါ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now