Chapter - 16

17.5K 2.6K 142
                                    

Unicode

ရှန်မိသားစုကစုံတွဲ
­­­­­­­­­­­­­_________________

အဆင့်Aလို့ကြေညာလိုက်တဲ့အချိန်မှာ တစ်ကွင်းလုံးဆူညံသွားတော့တယ်။

Aကိုတိုက်ရိုက်တိုက်သွားတယ်ဆိုတော့ ဒါကဘယ်လိုအရည်အချင်းကြီးလဲ! ကြောက်စရာမကောင်းလွန်းဘူးလား။ ပြီးတော့ဒါကနည်းပြတွေအားလုံးရဲ့ တညီတညွတ်တည်းဆုံးဖြတ်ချက်လေ။ ပြီးတော့ သူကကလည်းမကတတ်ဘူး။ ဒီလိုအားနည်းချက်မျိုးရှိနေတာတောင်မှ Aရနိုင်သေးတယ်ဆိုတော့ သူ့ရဲ့သီချင်းဆိုအရည်အချင်းကတော်တော်ကောင်းတာပဲ။

ပရိသတ်တွေကလည်း တော်တော်အံ့အားသင့်သွားကြတယ် :

"Aတဲ့ဟ"

"တန်ပြန်တိုက်ခိုက်မှုပဲဟ"

"ဟားဟားဟားဟား ငါတစ်လျှောက်လုံးဒီရှောင်ကောကောကို သဘောကျနေမိတာ"

ဂျန်ရှင်းဆွေ့ရဲ့မိုက်ခ်ကိုင်ထားတဲ့ လက်တွေတောင်မခိုင်တော့သလိုပဲ။ သူဦးညွှတ်လိုက်ပြီး လေးလေးနက်နက်ကျေးဇူးတင်စကားပြောလိုက်တယ်။ သူ့အဆင့်သူတောင်မယုံနိုင်ဘူး။ စင်ပေါ်ကနေလှမ်းကြည့်လိုက်တော့ နည်းပြတွေကသူ့ကိုအပြုံးလေးနဲ့ ကြည့်နေကြတယ်။ တခြားသူတွေကသူ့ကိုကြည့်နေတဲ့ အကြည့်တွေထဲမှာ သဘောကျမှုတွေနဲ့ မနာလိုမှုတွေတွေ့နေရတယ်။ တစ်ခဏလောက် စိတ်ကူးအိမ်မက်မက်နေသလိုပဲ။

သူလည်းရတာပဲလား?

သူ့လိုအမြှောက်စာခံလေးကလည်း Aရနိုင်တယ်တဲ့လား?

ဖုကျင်းရှောင်းက "ခဏလာအုန်း"

ရုပ်ရှင်ဧကရာဇ်ဖုရဲ့ သြရှရှအသံက ဂျန်ရှင်းဆွေ့ရဲ့အိမ်မက်ထဲကနေ နိုးထွက်လာစေခဲ့တယ်။ ဖုကျင်းရှောင်းနဲ့ ထူရာတူတူရပ်နေတဲ့နေရာဆီ အပြေးလေးလျှောက်သွားလိုက်တယ်။ ရွှေအိုရောင်ဆံပင်နဲ့အလှလေးက သူမရဲ့မျက်နှာမှာနွေးထွေးတဲ့အပြုံးလေးကိုပန်ဆင်ထားတယ် : "မင်းလုပ်နိုင်မယ်ဆိုတာငါသိပါတယ်"

ဂျန်ရှင်းဆွေ့ကရှက်ပြုံးလေးပြုံးလိုက်တယ်။

ကတုံးပေါက်လေးကရယ်လိုက်တော့ နည်းနည်းရယ်စရာကောင်းနေလေတယ်။ ဒါပေမဲ့တစ်မျိုးလေးလည်း ချစ်ဖို့ကောင်းနေပြန်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီDove le storie prendono vita. Scoprilo ora