Chapter - 78.2

12.9K 2K 127
                                    

Unicode

သွယ်ဝိုက်နမ်း
_______________

သူတို့အားလုံး မျှော်လင့်ချက်မဲ့ပြီး ဒီမစ်ရှင်ကအရမ်းခက်တယ်လို့ တွေးလိုက်မိတဲ့အချိန်မှာပဲ ကောင်မလေးကထပ်ပြောလာတယ် "ဒါပေမဲ့ ညီမရဲ့မမတော့ ကတတ်တယ်"

ရှန်ရှင်းချန်ရဲ့စိတ်အခြေအနေက တစ်ဖန်ပြန်ပြီးပျော်ရွှင်လာရတယ်!

ကောင်မလေးက ဆက်သွားဟန်ပြင်လိုက်ပြီး ပြောလိုက်တယ် "ကောတို့ဖြည်းဖြည်းရှာကြပါ ဒါဆိုညီမအရင်သွားနှင့်ပြီနော်"

ရှန်ရှင်းချန်က ဘယ်လိုလုပ်ပြီး လွှတ်ပေးလိုက်နိုင်မတဲ့လဲ။ ဒီတိုင်းအနားတိုးသွားလိုက်ပြီး "ညီမလေး ညီမလေး မင်းမသွားနဲ့လေ ကောတို့ကိုပါ မင်းကျဲကျဲဆီကိုခေါ်သွားပေးလေနော် မကောင်းဘူးလား ကောမင်းနဲ့ ဓာတ်ပုံနှစ်ပုံထပ်ရိုက်ပေးမယ်လေ ဒါမှမဟုတ် သုံးပုံဆိုလည်းရတယ်!"

ကောင်မလေးက တစ်ခဏလောက်တွေဝေသွားပြီး "လက်မှတ်ရောရလား?"

ရှန်ရှင်းချန်လုံးဝ မတွေဝေနေဘဲ "yes!"

ကောင်မလေးသဘောတူလိုက်တာကို ထူရာလောင်ရှီးမြင်တော့ တစ်ခွန်းမေးလိုက်တယ် "အဲတာကိုဆွေ့ဆွေ့နဲ့ဖုလောင်ရှီးတို့ရော အတူတူသင်လို့ရလား?"

ဒါရိုက်တာအဖွဲ့ကလူက ချက်ချင်းပြန်ဖြေလာတယ် "မရဘူး လူတစ်ယောက်ဆီက အုပ်စုတစ်ခုပဲသင်လို့ရပါမယ်"

ဒါဆိုရင်တော့ ဘယ်လိုမှလုပ်လို့မရတော့ဘူး။

ရှန်ရှင်းဆွေ့ပြောလာတယ် "ကိစ္စမရှိဘူး ဒါဆိုမင်းတို့သွားလေ ငါတို့ထပ်ပြီးရှာလိုက်မယ်"

ထူရာနဲ့ရှန်ရှင်းချန်လည်း ဒီနေ့စောစောအနိုင်ရဖို့အတွက် အချိန်ဆွဲမနေကြတော့ဘူး။ သဲလွန်စရတာနဲ့ချက်ချင်းသွားလိုက်ကြတယ်။ ဒီဘက်မှာတော့ ရှန်ရှင်းဆွေ့နဲ့ဖုကျင်းရှောင်းတို့ ကျန်ခဲ့ကြလေတယ်။

ရှန်ရှင်းဆွေ့လည်း ကြပ်တည်းနေကြောင်းခံစားလိုက်ရပြီး ပြောလိုက်တယ် "အဲဒီအချိန်တုန်းက အစ်ကိုကြီးတစ်ယောက် ကျွန်တော်နဲ့ကခဲ့တာလေ သူကလည်းတော်တော်လေးချောတဲ့ထဲပါတယ် ကျွန်တော်သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမှတ်မိသေးတယ် ကျွန်တော်စောနတုန်းက ဟိုလူကြီးမင်းပြောတာကြားတာ သူတို့ကနေ့လယ်ခင်းဆိုရင် လယ်သွားစိုက်ကြတာဆိုတော့ ကျွန်တော်တို့လယ်ကွင်းတွေဘက်သွားကြည့်ကြရရင် ရှာတွေ့ရင်တွေ့နိုင်လောက်တယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now