Unicode
အန်းရန်မြန်မြန်ပြေးပါ
_____________________ကျန်ရှင်းဆွေ့ ဖုကျင်းရှောင်းနဲ့တစ်သင်းထဲနေနိုင်လိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး။ ပြီးတော့သူတို့နှစ်ယောက်က အတူတူအဆောင်ပြန်နေကြသေးတယ်။ ဒါကတကယ်ကို အိမ်မက်တစ်ခုလိုပဲ။
"ကော ကျွန်တော်တို့ဒီမှာ ရှင်းချန်နဲ့နင်ဇယ်ရဲ့အင်္ကျီတွေကပဲ ကောနဲ့ကိုက်လောက်မှာ သူတို့ကအရပ်ရှည်ကြတယ်လေ" ကျန်ရှင်းဆွေ့က သူခိုးတစ်ယောက်လိုမျိုး တိုးတိုးတိတ်တိတ်နဲ့အဆောင်ပြန်ရောက်လာခဲ့တယ်။ သူက "ဘယ်ဟာကိုလိုချင်လဲ?"
ဖုကျင်းရှောင်းက သိပ်ဂရုမစိုက်စွာပဲ "ကိုယ်မရွေးဘူး အကုန်အဆင်ပြေတယ်"
ကျန်ရှင်းဆွေ့က သူ့ပါသူပဲဗီရိုသွားဖွင့်ရတော့တယ်။
ရုပ်ရှင်ဧကရာဇ်က ဝင်ရောက်ပါဝင်လာတာကြောင့် နောက်ကနေလိုက်ရိုက်ကူးတဲ့ ကင်မရာမန်းရှိနေပြီဖြစ်တယ်။ တော်တော်များများက ဖုကျင်းရှောင်းကိုရိုက်ချက်များများပေးဖို့ တောင်းဆိုတာကြောင့် ရိုက်ကူးရေးအဖွဲ့ကမတတ်သာဘဲ ဖုကျင်းရှောင်းနဲ့ကျန်ရှင်းဆွေ့အဖွဲ့အတွက် liveအခန်းတစ်ခုခွဲပေးလိုက်ရတော့တယ်။ အဲ့တာကြောင့်ပဲ ဖုကျင်းရှောင်းရဲ့ကြောက်စရာကောင်းလှတဲ့ ကျော်ကြားမှုကို သိရှိသွားစေခဲ့တယ်။
အဓိကlive roomရဲ့ ကြည့်ရှုသူက'60 million'လောက်ရှိတယ်။ တစ်ချို့တစ်ကိုယ်တော်liveအခန်းတွေထဲမှာ အမြင့်ဆုံးကရှန်ရှင်းချန်ဖြစ်ပြီး ကြည့်ရှုသူက'9million'လောက်ဖြစ်တယ်။ ဒါပေမဲ့ ဖုကျင်းရှောင်းရဲ့liveအခန်းဖွင့်လိုက်တာနဲ့ ငါးမိနစ်အတွင်းမှာတင် ကြည့်ရှုသူက'35million' ကိုရောက်ရှိသွားတော့တယ်။ ပြီးတော့ကြည့်ရှုသူတွေက ဆက်ပြီးတိုးနေဆဲဖြစ်ကာ သူတစ်ယောက်တည်းကတင် ရိုက်ကူးရေးတစ်ခုလုံးရဲ့ ကျော်ကြားမှုကို ကျော်လုဆဲဆဲဖြစ်နေပြီဖြစ်တယ်။
ပရိသတ်တွေက အရမ်းစိတ်ဝင်စားနေကြတယ် :
"ငါတို့ဖုကောကိုရှာပေးလို့ ရှင်းဆွေ့ကိုကျေးဇူးတင်ပါတယ်"
"ဝူးဝူး GKD ဖုကောဂိမ်းကစားတာကို မကြည့်ရတာတောင်ကြာလှပြီ"
[GKD - 搞快点 - မြန်မြန်]

ВЫ ЧИТАЕТЕ
အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီ
Любовные романыTitle - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်းတည်းမိတ်ဆက် - အစက ကိုယ့်ကိုယ်ကို အတုအယောင်သခင်လေးထင်နေတာ လက်စသတ်တော့ သခင်လေးအစစ်အမှန် ဖြစ်နေတာကိုး။...