Chapter - 98

10.6K 1.5K 58
                                    

Unicode

ပျောက်ဆုံးသွားသောအချစ်ကိုအမှတ်ရခြင်း
______________________________________

ဒါရိုက်တာက သူနားကြားမှားတာများလို့တောင် ထင်လိုက်မိတယ်!

ဒီလို မိုးကောင်းကင်ပေါ်ကနေ ပိုင်မုန့်ပြုတ်ကျတဲ့ကိစ္စကလည်း တကယ်ရှိသေးတာပဲလား။ သူအရင်က တစ်လျှောက်လုံး ဆက်သွယ်နေခဲ့ပေမဲ့ တစ်လျှောက်လုံး အကြောင်းမပြန်ခဲ့ဘူး။ တစ်ဖက်က ပြောလာတဲ့အဓိပ္ပာယ်ကလည်း အလွန်ရိုးရှင်းလှတယ်။ အဲ့တာက ငြင်းလိုက်တဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့မှာ ဖုကျင်းရှောင်းကို လူကိုယ်တိုင် တွေ့လိုက်နိုင်မယ်လို့ မမျှော်လင့်ထားမိဘူး။ ဒါအပြင် ရုပ်ရှင်ဧကရာဇ်ဖုက သူ့ရဲ့ဇာတ်ညွှန်းကိုတောင် ကြည့်ဦးမယ်တဲ့။ ဒါက တံဆိပ်ပြားတစ်ခုကို လှန်လိုက်သလိုမျိုး အရမ်းပျော်ရွှင်စေတယ်!

"ကျွန်တော်......" ကျန်းစန်းစန်း အနည်းငယ်ဆို့နင့်နေမိတယ်။ သူစိတ်လှုပ်ရှားစွာနဲ့ ဖုကျင်းရှောင်းလက်ကို ဆုပ်ကိုင်လိုက်တယ်။ သူအနည်းငယ်တုန်ယင်စွာနဲ့ ပြောလိုက်တယ် "ဖုလောင်ရှီး ကျေးဇူးတင်ပါတယ် လောင်ရှီးကို တကယ်ကျေးဇူးတင်ပါတယ်!"

ဖုကျင်းရှောင်းလည်း သူနဲ့လက်ဆွဲနှုတ်ဆက်လိုက်တယ်။

"ကျေးဇူးတင်ဖို့မလိုပါဘူး" တဲထဲမှာထိုင်နေတဲ့အမျိုးသားရဲ့ မျက်နှာပေါ်မှာ တင့်တယ်တဲ့အပြုံးကို ချိတ်ဆွဲထားလေတယ် "နောက်ပြီး စာချုပ်ချုပ်ဖို့ အချက်အလက်တွေကိုလည်း အသေးစိတ်ပြောရဦးမှာ အဲ့အချိန်ရောက်ရင်တော့ ကျွန်တော့်ကို သည်းခံပေးဖို့ ဒါရိုက်တာကျန်းကိုပဲ တောင်းဆိုပါတယ်"

"......"

ကျန်းစန်းစန်း ဘာကြောင့်မှန်းမသိ ဒီ'သည်းခံပေးပါဦး'ဆိုတဲ့ စကားကိုကြားရချိန် မကောင်းတဲ့ခံစားချက် ရလိုက်မိတယ်။

အရှေ့က သရုပ်ဆောင်တွေလည်း အလုပ်သိမ်းကြပြီဖြစ်တယ်။

ရွှီယန့်ရဲ့ လူငယ်နေရာသရုပ်ဆောင်က ရှန်ရှင်းဆွေ့နဲ့ မလှမ်းမကမ်းမှာ စကားပြောနေလေတယ်။ တစ်ခါမှ ဇာတ်လမ်းကြောင့် ဒဏ်ရာမရဖူးတဲ့ ရှန်ရှင်းဆွေ့က ဒဏ်ရာရတဲ့အထိ အရိုက်ခံလိုက်ရတာကြောင့် သူအလွန်အပြစ်ရှိသလို ခံစားနေရလေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now