Chapter - 65.2

14.5K 2.3K 180
                                    

Unicode

အခုသွားပြီးရေချိုးရမှာလား
_________________________

ဘေးနားကနေကြောင်အစွာရပ်နေတဲ့ ကျန်ကျစ်ကို ရှန်ရှင်းဆွေ့တစ်ချက်ကြည့်လိုက်တယ်။ မျက်ခုံးတွေက အများကြီးနူးညံ့သွားရပြီး ညင်သာစွာပြန်ဖြေလိုက်တယ် "ဟုတ် ကျွန်တော်အခုဆင်းလာခဲ့မယ်"

ဖုကျင်းရှောင်းက "ဖုန်းမချလိုက်နဲ့ဦး"

ရှန်ရှင်းဆွေ့လည်း သဘောတူကြောင်းအသံပြန်ပြုလိုက်တယ်။

သူခရီးဆောင်အိတ်ကိုတွန်းရင်း တံခါးဆီလျှောက်သွားလိုက်တယ်။ ပျက်စီးမှုတွေနဲ့ ရှုပ်ပွမှုတွေအားလုံး သူ့ခြေထောက်အောက်မှာ အနင်းခံထားရလေတယ်။ အရင်တစ်နှစ် သူမောင်းအထုတ်ခံလိုက်ရတုန်းက ဘယ်လိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သူမသိခဲ့ဘူး။ သူဘယ်ကိုသွားရမလဲဆိုတာကို မသိခဲ့ဘူး။ မိသားစုအသစ်ကို သူ့ကိုကြိုဆိုပါ့မလားဆိုတာ သူမသိခဲ့ဘူး။ ဒါကြောင့် သူဘယ်ပစ္စည်းကိုမှ ပြောင်းမသယ်သွားရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့မှာနေစရာရှိပါ့မလား၊ အစွန့်ပစ်ခံလိုက်ရမလားဆိုတာကို သူမသေချာခဲ့လို့ပဲ။ အရင်ဘဝမှာတုန်းက ဒီလိုပဲဖြစ်ခဲ့တာကြောင့် သူပစ္စည်းတွေအများကြီး သယ်မသွားခဲ့ရဲဘူး။ စိတ်ချလက်ချထားလို့ရမဲ့နေရာမရှိမှာ ကြောက်နေခဲ့မိတယ်။

ဒီပစ္စည်းတွေသယ်ပြီး အိမ်ပြန်ဖို့အတွက် အခွင့်အရေးရှိလာလိမ့်မယ်လို့ သူမထင်ထားမိခဲ့ဘူး။

ဟုတ်တယ်။ အိမ်ပြန်ဖို့။

အခုသူ့မှာအိမ်ဆိုတာရှိနေခဲ့ပြီ။ နှစ်ဦးပိုင်း မောင်းအထုတ်ခံလိုက်ရတုန်းက သူ့မှာဘာမှမရှိခဲ့ဘူး။ ဘယ်သူမှလည်း သူ့ကိုစောင့်ဆိုင်းမနေခဲ့ဘူး။ ဒါပေမဲ့အခုတော့ တူညီတဲ့အခန်းတစ်ခုတည်းကနေ ထွက်သွားရမှာဖြစ်ပေမဲ့ အိမ်အောက်ထပ်မှာ ဒါမှမဟုတ် မလှမ်းမကမ်းကတစ်နေရာမှာ သူ့ကိုပြန်ခေါ်သွားဖို့အတွက် စောင့်ဆိုင်းနေတဲ့သူရှိခဲ့ပြီ။ သူတို့က သူ့ကိုယုံကြည်မှုတွေနဲ့ အင်အားတွေပေးခဲ့ကြတယ်။ ဒီအခန်း၊ ဒီအိမ်ကို တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ ထွက်ခွာလာနိုင်အောင် အားပေးခဲ့ကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now