Chapter - 43.1

15.4K 2.2K 113
                                    

Unicode

မင်းကငါတို့သားအရင်းမဟုတ်ဘူး
_______________________________

အခုတစ်လော အင်တာနက်သုံးစွဲသူတွေက ဖရဲသီးစားရတာ အရမ်းများနေခဲ့တယ်။ အတွေ့အကြုံရှိတဲ့သူတွေပီပီ flowလေးအတိုင်း လိုက်နေကြတာြဖစ်တယ်။ ကျန်ရှင်းဆွေ့ရဲ့Weiboမှာလည်း ဖြတ်သွားဖြတ်လာတွေ စုစည်းနေကြတယ်။ သူ့ကိုအားပေးနေတဲ့သူတွေရှိသလို သူ့ကိုဆန့်ကျင်ပြီး ဆဲဆိုနေကြတာတွေလည်းရှိတယ်။

"ရန်ရန်အိမ်ပြန်သွားရလို့ တော်သေးတာပေါ့"

"ကျန်ရှင်းဆွေ့က အဲ့လိုအတုယောင်ပဲမလား?"

"ကျန်မိသားစုက ဒီလောက်ချမ်းသာတာ သူ့ရဲ့အဆိုနဲ့အက,က အန်းရန်လောက်တောင် မကောင်းဘူး"

"အထုတ်ခံလိုက်ရလို့ တော်သေးတာပေါ့ အနုပညာလောကထဲကထွက်သွားစမ်းပါ"

သူ့ကိုဆန့်ကျင်နေကြတဲ့စကားတွေထဲမှာ ရုန်းကန်နေကြတဲ့ဖန်တစ်ချို့လည်း ရှိသေးတယ် :

"ဘာလို့စကားတစ်ခွန်းနဲ့တင် ယုံရမှာလဲ"

"ငါဆွေ့ဆွေ့ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်တယ် သူဒီလိုကိစ္စမျိုးလုပ်မှာမဟုတ်ဘူး"

"တကယ့်အဖြစ်မှန်က အပြည့်အဝထွက်မလာသေးပါဘူး ငါသူ့ကိုယုံတယ်"

အင်တာနက်ပေါ်မှာ ဆူညံနေကြပေမဲ့ လက်တွေ့မှာတော့ ကျန်ရှင်းဆွေ့က အင်တာနက်ပေါ်က အနှောင့်အယှက်တွေကို ဂရုစိုက်ဖို့နေနေသာသာ အရမ်းအလုပ်များနေလေတယ်။

တကယ်တော့သူပြန်လာပြီးနောက်ပိုင်းမှာ ကျန်းရှောင့်ယန်ရဲ့ရောဂါက အရမ်းအဆင်ပြေမနေခဲ့ဘူး။ ကျန်းရှာကနေ့တိုင်း မျက်ရည်တွေနဲ့ မျက်နှာသစ်နေရပြီး ကျန်းရှောင့်ယန်ရဲ့အစားထိုးကလည်း အခုထိရှာမတွေ့သေးဘူးဖြစ်တယ်။

ကျန်ရှင်းဆွေ့ နေ့လည်စာထမင်းဘူးယူကာ ဝင်လာတော့ မျက်ရည်တွေသုတ်နေတဲ့ ကျန်းရှာကိုတွေ့လိုက်ရတယ်။

ကျန်းရှာသူ့ကို ခေါင်းမော့ကြည့်လိုက်ရင်း ငိုချလာတယ် "ဆွေ့ဆွေ့...."

ဒီလင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နက်ရှိုင်းတာကို ကျန်ရှင်းဆွေ့လည်း သတိထားမိလေတယ်။ ကျန်းရှောင့်ယန် မတော်တဆဖြစ်ပြီးကတည်းက ကျန်းရှာကတစ်လျှောက်လုံး ပူပင်သောကရောက်နေပြီး စားမဝင်အိပ်မပျော်ဖြစ်နေခဲ့တယ်။ သူမကိုကြည့်ရတာ စိတ်ထဲလေးပင်နေသလိုမျိုးပေါ့။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now