Chapter - 61.2

17.3K 2.4K 307
                                    

Unicode

ကျွန်တော်ကကျန်မိသားစုကကလေးမဟုတ်တော့ဘူး
_________________________________________

ညနေခင်း

အားလုံးစားသောက်ဆိုင်မှာ စားသောက်ပြီးသွားကြတဲ့နောက် လူတော်တော်များများမှာ ကြေညာချက်တွေအများကြီးရှိလာကြတယ်။ အခြေခံအားဖြင့် တော်တော်များများက ညဘက်လေယာဥ်နဲ့ ပြန်သွားကြတော့မှာဖြစ်တယ်။ ရိုက်ကူးရေးအဖွဲ့ကလည်း အလုပ်သိမ်းနေပြီဖြစ်သလို အခုချိန်မှာကားတွေကလည်း လာကြိုနေကြပြီဖြစ်တယ်။

လူအုပ်စုတစ်စုက ကားပေါ်တက်ပြီးလေယာဥ်ကွင်းကိုသွားဖို့ ပြင်ဆင်ကြတော့တယ်။

ခရီးဆောင်အိတ်ကိုဆွဲထားတဲ့ရှန်ရှင်းဆွေ့က အိမ်ဘက်ကနေထွက်လာတဲ့ ဖုကျင်းရှောင်းကိုတွေ့လိုက်ရတယ်။ အနောက်ကတော့ သူ့ရဲ့လက်ထောက်လေးက ခရီးဆောင်အိတ်ဆွဲကာလိုက်လာလေတယ်။ သူတို့ထွက်လာတဲ့အချိန်မှာ သွားတော့မှာဆိုတာသိသာစွာပဲ ရိုက်ကူးရေးအဖွဲ့ရဲ့ဝန်ထမ်းတွေက လေးလေးစားစားနှုတ်ဆက်နေကြတယ်။ သူတို့နှစ်ယောက်ဘေးကနေဖြတ်သွားတာကိုကြည့်နေမိတယ်။ ဖုကျင်းရှောင်း သူ့ကိုမြင်လိုက်တယ်ဆိုတာသေချာပေမဲ့ ရပ်တန့်လိုက်မဲ့သဘောထားမျိုးမတွေ့ရလေဘူး။

အရင်ကလို အမြဲတမ်းတရင်းတနှီးရှိပြီး ကြင်နာစွာဦးဆောင်နှုတ်ဆက်တတ်တဲ့ပုံနဲ့ နည်းနည်းလေးတောင်မတူလေဘူး။

ရှန်ရှင်းဆွေ့ အမည်မသိစွာနဲ့ စိတ်ထဲလှုပ်ရှားသွားရပြီး ဘယ်ကရလာမှန်းမသိတဲ့သတ္တိတွေနဲ့ အော်ခေါ်လိုက်တယ် "ဖုလောင်ရှီး"

ဖုကျင်းရှောင်းခြေလှမ်းတွေကိုရပ်တန့်လိုက်တယ်။ ညရဲ့အမှောင်ထုက သူ့မျက်လုံးအောက်ကပြုံးရိပ်တွေကိုဖုံးကွယ်ပေးထားလေတယ်။ အမျိုးသားရဲ့မျက်နှာပေါ်မှာ ဘာအမူအရာမှထွက်ပေါ်လာခြင်းမရှိဘဲ ကိုယ်ကိုလှည့်လိုက်ကာ စီနီယာတစ်ယောက်ရဲ့ပုံစံအတိုင်း အသံပြုလိုက်တယ် "ကိစ္စရှိလို့လား?"

ရှန်ရှင်းဆွေ့ပိုလို့တောင်စိတ်လှုပ်ရှားသွားရတယ်။ သူခရီးဆောင်အိတ်ကိုတစ်ဖက်ကကိုင်ထားပြီး ခေါင်းငုံ့ထားကာ တုံ့ဆိုင်းစွာပြောလာတယ် "ဘာမှမဟုတ်ပါဘူး ကျွန်တော်က လမ်းမှာဂရုစိုက်ပါလို့ ပြောချင်လို့ပါ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTahanan ng mga kuwento. Tumuklas ngayon